ပညာရေးကဏ္ဍမြင့်မားရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၁၀

 

030

 

   ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ ပညာရေးကဏ္ဍမြင့်မားရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲကို ဖေဖော်ဝါရီ(၁၀)ရက် နေ့လည် (၁၂)နာရီက ကလောမြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ အမှာစကားရာတွင် “ပညာရေးကဏ္ဍ မြှင့်မားတိုးတက်ရေးအတွက် ဆရာ၊မိဘ၊ကျောင်းသား နှင့် မြို့နယ်အထောက်အကူပြု ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း” ပြောကြားသွားသည်။

 

   ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများမှ တင်ပြဆွေးနွေးရာ သီခေါင်ကျေးရွာအုပ်စု၊ ရပ်ကွက်(၃) (အောင်ပန်း)၊ ဟဲဟိုးကျေးရွာအုပ်စု၊ မဂင်္လာရပ်ကွက်(အောင်ပန်း)၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ ဘော်နင်းကျေးရွာအုပ်စု၊ ပဲရင်းကျေးရွာတောင်ကျေးရွာအုပ်စု၊ ငုံးသုံကျေးရွာအုပ်စု၊ ပင်မှီကျေးရွာအုပ်စု၊ နောင်ရဲကျေးရွာအုပ်စု၊ ဝက်ဖြူရေ ကျေးရွာအုပ်စု၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ နန်းတိုင်းကျေးရွာအုပ်စု၊ ရေချိုကျေးရွာအုပ်စု၊ ရေချိုကျေးရွာအုပ်စု၊ တောင်ကွဲကျေးရွာအုပ်စု၊ လှည်းရိုးရပ်ကွက်(အောင်ပန်း)၊ ရပ်ကွက်(၈) (ကလော)၊ သာမိုင်းခမ်း ကျေးရွာအုပ်စု၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ တို့မှ တင်ပြဆွေးနွေးကြမှုအပေါ် နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန (၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အထက်မြန်မာပြည် (မန္တလေး) အမှတ်(၂)အခြေခံပညာဦးစီးဌာန ပညာရေးညွှန်ကြားရေးမှူးချုပ် တို့မှ လိုအပ် သည်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားခဲ့ကြောင်း သိရှိရသည်။

 

   အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန (၅)၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ အထက်မြန်မာပြည်         (မန္တလေး) အမှတ်(၂)အခြေခံ ပညာဦးစီးဌာန ပညာရေးညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်အထောက် အကူပြုကော်မတီများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ နှင့် ဒေသခံတိုင်းရင်းသားမိဘ ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။