ရှမ်းပြည်နယ်သတင်းများ

ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံကျောက်တိုင် ပန်းခြံအဆင့်မြှင့်တင်ခြင်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၁၂

 

033

 

038

 

   ပြည်မ-တောင်တန်းပူးပေါင်းရေး ပင်လုံကျောက်တိုင် ပန်းခြံအဆင့်မြှင့်တင်ခြင်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်(၁၁)နာရီက ပင်လုံကျောက်တိုင် ပန်းခြံရှေ့၌ ကျင်းပရာ ပင်လုံကျောက်တိုင် ပန်းခြံအဝင်မုခ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘဦး၊ ပင်လုံမြို့၊ မြို့မိမြို့ဖ ဦးစိုင်းလုံတို့က ပင်လုံကျောက်တိုင် ပန်းခြံအဝင်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ သည်။

 

   ဆက်လက်၍ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးထိုးထားသော ပြည်မ-တောင်တန်း ပူးပေါင်းရေး စာချုပ် ကျောက်တိုင်ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများတို့က ပင်လုံကျောက်တိုင် ဆိုင်းဘုတ်ကို အမွေးနံသာရည်များ ပက်ဖြန်းပေးကြသည်။

 

   ထို့နောက် ပင်လုံကျောက်တိုင်ပန်းခြံဖွင့်ပွဲ ဆိုင်းဘုတ်အား နောက်ခံထား၍ အမှတ်တရဓါတ်ပုံ ရိုက်ကူး ကြသည်။အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသား/တိုင်းရင်းသူများတို့သည် ပင်လုံ ကျောက်တိုင်ကွင်းအတွင်း နိုင်ငံတော်အလံရှေ့တွင် နေရာယူပြီး၊ နိုင်ငံတော်အလံအား အလံစောင့်တပ်ဖွဲ့ဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်တို့မှ အလေးပြုကြသည်။

 

   ၎င်းနောက် ပင်လုံကျောက်တိုင်အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တက်ရောက် လာသူ ဒေသခံမိဘပြည်သူများမှ အလေးပြုကြသည်။

 

   ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဖတ်ကြားသည်။

 

   ဆက်လက်၍ ပင်လုံကျောက်တိုင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲအထိမ်းအမှတ် ဧည့်သည်တော် မှတ်တမ်းတွင် ပြည်နယ်ဝန်ကြီးချုပ်မှ လက်မှတ်ရေးထိုးပြီး၊ ကွင်းအတွင်းရှိတိုင်းရင်းသားတိုင်းရင်းသူများမှ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် တေးသီချင်းဖြင့်ကပြ ဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ပင်လုံမြို့၊ မဟာရဋ္ဌာ ဘိသာမဂ္ဂီစေတီတော်ကြီး လိုဏ်ဂူတော်အတွင်း သံဃာတော်(၁၁)ပါးအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်လပ် လှူဒါန်းခြင်း၊ အခမ်းအနားကျင်းပရာ ပထမဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်တို့က ရတနာမြတ်(၃)ပါးအား ဩကာသ ကန်တော့ကျိုးဖြင့် ကန်တော့၍ မြို့နယ်သံဃနာယကဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈယ်ပေးပြီး၊ ရတနာစည်ဆရာတော်က အနုမောဒနတရား နာယူကာရေစက်သွန်းချ အမျှပေးဝေသည်။

 

   ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 96 guests and no members online