ရှမ်းပြည်နယ်သတင်းများ

မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်၊ ၂၀၁၄ခုနှစ် ၊တောင်ကြီးမြို့ အဋ္ဌမကြိမ်မြောက် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁၃

 

039

 

040

 

မြောက်လေသွေး၍ ချမ်းအေးလှသော တပို့တွဲလတွင် အအေးဓါတ်လွန်ကဲ၍ အဆီခြောက်ခမ်းချိန် ဖြစ်သဖြင့် ဆီနိုင်သော ထမနဲကိုစားသုံးခြင်းဖြင့် အသားအရေစိုပြေလာပြီး အပူဓါတ်ရရှိကာ ကျန်းမာရေး ညီညွတ် ကောင်းမွန် စေရန်အတွက်လည်းကောင်း၊ မြတ်စွာဘုရားရှင်နှင့်တပည့်သား သံဃာတော်များအား ယာဂု၊ ထမနဲ ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်း၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရန်အတွက်လည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတက်စေရန်အတွက်လည်းကောင်း၊ ထမနဲထိုး ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် စည်းလုံး ညီညွတ်မှု၏ အင်အားစည်းလုံးမှု၏ အကျိုးသက်ရောက်မှုများကို သိရှိစေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အဋ္ဌမကြိမ်မြောက်  တောင်ကြီးမြို့၏ ၂၀၁၄ခုနှစ် မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် မွန်းလွဲ(၃)နာရီက အဝေယာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လျှပ်စစ်နှင့်စက်လက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင် စေသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များက ပြိုင်ပွဲဝင် အသင်းသား/သူများမှ ပျော်ရွင်စွာ စည်းလုံးမှုရှိစွာ ထမနဲထိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်နှင့်အကဲဖြတ်အမှတ်ပေးနေစဉ်အတွင်း ပြန်ကြားရေးဌာနမှ ထမနဲနှင့်ပက်သက် သည့် သိကောင်းစရာများကို ရှင်းလင်းဖတ်ကြားခြင်း ယဉ်ကျေးမှုအဖွဲ့များမှ ကိန္နရီ/ကိန္နရာအကများဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ ဧည့်ခံကပြဖျော်ဖြေခဲ့ကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပထမဦးစွာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ဂုဏ်ပြုဆုများပေးအပ်၍လည်းကောင်း၊ ဆုရရှိသည့်အသင်း(၂၀)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျန်(၄၁) သင်းအား ပြိုင်ပွဲဝင်ဆုများချီးမြှင့်ကြကာ ထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော် များအား ထမနဲများဖြင့် ဧည့်ခံ၍၊ ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ထမနဲထုပ်များ ဝေငှပေးသည်။

 

ပြိုင်ပွဲတွင် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ (တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်) တို့မှ ရပ်ကွက်ပြည်သူများပါဝင်ဆင်နွဲကြပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၆၁)သင်းမှ အိုးစည်ဗုံမောင်းအကများဖြင့် တပျော်တပါးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 93 guests and no members online