ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်သောအဖွဲ့မှ အခမဲ့ ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်ပေးခဲ့မှု ခရီးစဉ်

တောင်ကြီး   ဖေဖော်ဝါရီ   ၁၅

 

 041

 

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၊ လွိုင်လင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွေး၊ အထူးကုဆရာဝန်ကြီးများနှင့် ရာစုသစ် သွေးလှူရှင်များအသင်းတို့မှ ပူးပေါင်းလိုက်ပါလျက် (၁၅-၂-၂၀၁၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မောက်မယ်မြို့သို့ ရောက်ရှိခဲ့ကြပြီး မောက်မယ်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု အခမ်းအနားသို့ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများ လာရောက်ပြသခဲ့ရာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ အထွေထွေရောဂါ (၃၁၀)ဦး၊ ခွဲစိတ်လူနာ (၄၆)ဦး၊ အရိုးလူနာ (၁၁၈)ဦး၊ မီးယပ်သားဖွား (၂၅)ဦး၊ ကလေးလူနာ (၃၁)ဦး၊ မျက်စိလူနာ (၁၈၃)ဦး၊ သွားရောဂါ (၂၂)ဦး စုစုပေါင်းလူနာ (၇၃၅)ဦးတို့ကို ဆေးဝါးများပေး၍ အခမဲ့ ကုသပေးခဲ့ကြပါသည်။

 

နံနက်(၁၀:၀၀)နာရီ တွေ့ဆုံပွဲအခမ်းအနားတွင် မောက်မယ်မြို့နယ်ဆေးရုံအတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် အခမဲ့ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းအတွက် ငွေကျပ်(၅)သိန်းတို့ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ မောက်မယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ လက်ခံရယူခဲ့ပါသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့မှ မိုးနဲမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး၊ ခိုလမ်ဆေးရုံအုပ်ကြီး ဒေါက်တာယုဝေနှင့် အထူးကုဆရာဝန်များအဖွဲ့တို့ ပူးပေါင်းလိုက်ပါကြလျက် မိုးနဲအထကကျောင်းတွင် မိုးနဲမြို့နယ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့တို့ဖြင့် ဒေသခံပြည်သူများမှ အထွေထွေရောဂါနှင့် မျက်စိလူနာ (၄၇၃)ဦး၊ ခွဲစိတ်နှင့် အရိုးလူနာ (၅၇)ဦး သားဖွားမီးယပ်လူနာ (၃၂)ဦး ကလေးလူနာ (၉၁)ဦး စုစုပေါင်း လူနာ(၆၅၃)ဦးတို့အား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။

 

နေ့လည်(၁:၀၀)နာရီတွင် မိုးနဲမြို့နယ် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိုးနဲပြည်သူ့ဆေးရုံအတွက် အလှူငွေကျပ်(၁၀)သိန်း၊ မိုးနဲမြို့ အခမဲ့ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းအတွက် ငွေကျပ်(၅)သိန်း တို့ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ မိုးနဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အသီးသီး လက်ခံရယူပေးခဲ့ကြပါသည်။

 

ဆက်လက်၍ နေ့လည်(၂:၀၀)နာရီတွင် မိုးနဲပြည်သူ့ဆေးရုံ၊ မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မိုးနဲအခြေခံပညာကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုတို့ကို ဝင်ရောက်စစ်ဆေးပြီး ညနေပိုင်းတွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 113 guests and no members online