ရှမ်းပြည်နယ်သတင်းများ

(၁၆)ကြိမ်မြောက် တောင်ကြီးပညာရေးကောလိပ် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ်ပေးအပ်

တောင်ကြီး ဖေဖော်ဝါရီ  ၁၇

 

ရှမ်းပြည်နယ်၊ တောင်ကြီးပညာရေးကောလိပ် (၁၆)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ် ပေးအပ်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပညာရေးကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

 

“အမျိုးသားပညာရည် မြင့်မားရေး၊ ပညာရေးမြှင့်တင်မှုကို နိုင်ငံတစ်ဝန်း ပညာရေးကောလိပ်ကျောင်း (၂၀) တို့တွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ(ပထမနှစ်) သင်တန်းများကို (၁၉၉၈-၁၉၉၉) ပညာသင်နှစ် ဒီဇင်ဘာလတွင် အမှတ်စဉ်(၁)မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် အမှတ်စဉ် (၁၇)ထိလည်းကောင်း၊ ဒုတိယနှစ်သင်တန်းများကို (၂၀၀၀-၂၀၀၁)ပညာသင်နှစ် ဧပြီလတွင် အမှတ်စဉ်(၁)မှ စတင်ဖွင့်လှစ်၍ (၂၀၁၂-၂၀၁၃)ပညာသင်နှစ်တွင် အမှတ်စဉ်(၁၆)ထိ လေ့ကျင့်ပေးခဲ့ကြောင်း၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် တောင်ကြီးပညာရေးကောလိပ်၌ လေ့ကျင့်သင်ယူခဲ့သည့် အမှတ်စဉ်(၁၆/၁၁) ဒုတိယနှစ် အောင်မြင်သူ သင်တန်းသူ(၁၇၂)ဦး၊ အမှတ်စဉ်(၁၇/၁၂) ပထမနှစ်အောင်မြင်သူ သင်တန်းသူ(၃၀၁)ဦးကို သက်ဆိုင်ရာ ဒီပလိုမာ/လက်မှတ်များ ချီးမြှင့်ပေးအပ်မှာ ဖြစ်ကြောင်း၊ အမှတ်စဉ်(၁၆/၁၁) ဒုတိယနှစ် အောင်မြင်သူ (၁၇၂)ဦးမှ သင်တန်းသူ(၂၆)ဦးသည် စစ်ကိုင်းပညာရေးတက္ကသိုလ် (B.ED) တတိယနှစ် သင်တန်းကို တက်ရောက်ခွင့်ရရှိပြီး သင်တန်းသူ (၁၄၆)ဦးကိုလည်း အမှတ်စဉ်(၁၇/၁၂) ပထမနှစ် အောင်မြင်သူ (၃၀၁)ဦးမှ သင်တန်းသူ(၆)ဦးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေး၍ (၂၀၁၄)ခုနှစ် မေလတွင် မူလတန်းပြ ဆရာများအဖြစ် တာဝန်ပေးအပ် ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ဆရာမလောင်းများကို လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အသိပေး ပြောကြားလိုကြောင်း၊ လူတိုင်းပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အဘက်ဘက်က စီစဉ်ဆောင်ရွက်နေချိန်တွင် ဆရာ/ဆရာမများအနေနှင့် ကလေးများကျောင်းနေပျော်၍ စာတော်အောင် စွမ်းဆောင်ပေးကြရန်၊ ကလေးတစ်ဦးချင်းစီ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာရေး အသိပညာရရှိရန် Life Skill ဘာသာရပ်တွင် လေ့ကျင့်သင်ကြားပေးရန်၊ အားကစားနှင့် ရသခံစားနိုင်ရန် ပန်းချီနှင့် ဂီတကို သင်ကြားပေး၍ လိမ္မာယဉ်ကျေးနိုင်ရန် ပြည်သူ့နီတိ၊ လောကနီတိ ပညာရပ်များနှင့်  သဘာဝဘေးအန္တာရယ် သိရှိကြိုတင်ကာကွယ်ရေး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အကျင့်များရရှိအောင် သင်ကြားပေးရန် လိုကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်ခွန် ကိုယ့်အားဖြင့် ဆောင်ရွတ်တတ်သည့် စိတ်ဓာတ် အမှုအကျင့်များကို လေ့ကျင့်ပျိုးထောင်ပေးကြရန် ” အတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လမ်းညွှန်အမှာစကား ပြောကြားသွားသည်။

 

ဆက်လက်၍ နိုင်ငံတော်သီချင်းတီးမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ် အပ်နှင်းပွဲ ကျင်းပရခြင်းနှင့် ပက်သက်၍ တောင်ကြီးပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဖြူဖောင်းမှ ရှင်းလင်းပြောကြားကာ ဆရာအတတ်ပညာဒီပလိုမာ သင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည့် ဆရာအတတ်ပညာ သင်တန်းသူများအား ဒီပလိုမာ/လက်မှတ်များကို  ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဒီပလိုမာဘွဲ့ရ သင်တန်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online