ဘတ်ဂျက်စိစစ်ရေးကော်မတီ

ဘတ်ဂျက်စိစစ်ရေးကော်မတီ

ဘတ်ဂျက်စိစစ်ရေးကော်မတီ

 

စဉ် အမည် မဲဆန္ဒနယ် တာဝန်
ဦးစိုင်းအိုက်အေး လင်းခေးမဲဆန္ဒနယ် (၁) ဥက္ကဋ္ဌ
ဦးသိန်းထွန်း ရွာငံမဲဆန္ဒနယ် (၂) အဖွဲ့ဝင်
ဦးမိုင်းအုဏ်းခိုင် မန်တုံမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဦးစိုင်းဆန်စိန် တန့်ယန်းမဲဆန္ဒနယ် (၁) အဖွဲ့ဝင်
ဦးထွန်းရင် ကွမ်းလုံမဲဆန္ဒနယ် (၂) အတွင်းရေးမှူး

 

 

ဘတ်ဂျက် စိစစ်ရေးကော်မတီ

 

ကော်မတီ၏သက်တမ်း

 

၁။ ပြည်နယ်လွတ်တော်ဥက္ကဋသည် ကော်မတီဝင်များ၏ သက်တမ်းတစ်နှစ် ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

 

ကော်မတီ၏တာဝန်

 

၂။ ကော်မတီသည် -

(က) ပြည်နယ်လွတ်တော်က ခွင့်ပြုထားသောငွေကို ထိရောက်မှန်ကန်စွာ သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးရမည်။ စစ်ဆေးနိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းဌာနများသို့ သွားရောက်စစ်ဆေးနိုင်သည်။

(ခ ) ပြည်နယ်လွတ်တော်၏ဆုံးဖြတ်ချက်အရ ပြည်နယ်လွတ်တော်ဥက္ကဋက တာဝန်ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်နယ်လွတ်တော် အစည်းအဝေးသို့ ပြန်လည်တင်ပြရမည်။

(ဂ ) ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ စိစစ်ရန်လိုအပ်သည်ဟု ပြည်နယ်လွတ်တော်ကဆုံးဖြတ်၍ တာဝန်ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြည်နယ်လွတ် အစည်းအဝေးသို့ ပြန်လည်တင်ပြရမည်။

(ဃ) သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

 

 

၃။ ကော်မတီအစည်းအဝေးတွင် ကော်မတီတစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီဆွေးနွေးသော ဆွေးနွေးချက်များကိုလည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို  အသေးစိတ်မှတ်တမ်းတင်၍   ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းကို ဖြန့်ဝေခြင်းမပြုရ။ ပြည်နယ်လွတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို  အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍  အမှုတွဲအဖြစ် တပေါင်းတည်း   ထိန်းသိမ်းထားနိုင်ရန် လွတ်တော်သို့ ပေးပို့ရမည်။

 

ကော်မတီ၏လုပ်ပိုင်ခွင့်

 

၄။ ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ၆၃ပါ ပြဋာန်းချက်များနှင့် အညီ ကျင်းပရမည်။

 

၅။ ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ ၆၄ပါ ပြဋာန်းချက်များနှင့်အညီ   ပြည်နယ်လွတ်တော်ဥက္ကဋထံ တင်ပြရမည်။

 

၆။ ကော်မတီဝင်များသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်။

(ခ ) ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် ပြည်နယ် လွတ်တော်ဥက္ကဋထံ တင်ပြနိုင်ခွင့်ရှိသည်။

 

ကော်မတီ၏ ရပိုင်ခွင့်

 

၇။ ကော်မတီဝင်များသည် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များဖြစ်သည့်အားလျော်စွာ ကော်မတီလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရန် ဖြစ်စေ၊ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါရပိုင်ခွင့်များကို ခံစားခွင့်ခံစားခွင့်ရှိသည့်အပြင် လွတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

 

 

၈။ ကော်မတီဝင်များသည် -

(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွတ်တော်ဆိုင်ရာ ဥပဒေမှအပ၊ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

(ခ ) ကော်မတီအစည်းအဝေးများ  တက်ရောက်နေစဉ်အတွင်း   သက်ဆိုင်ရာအဖွဲ့၏ အကြီးအမှူးမှ တဆင့်  ပြည်နယ်လွတ်တော်ဥက္ကဋ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

(ဂ ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ်လွတ်တော်ဥက္ကဋ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 41 guests and no members online