ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်အဆင့် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲနှင့် စခန်းဖွင့်ပွဲကျင်းပ

580

 

တောင်ကြီး  ဇူလိုင်   ၁၀

 

ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်း ပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲနှင့် စခန်း ဖွင့်ပွဲ အခမ်းအနား ကို ဇူလိုင်(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ် ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ကလော၊ ဖယ်ခုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ ပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့များ၊ အခြေခံပညာအထက်တန်းကျောင်း များမှ ကျောင်းအုပ် ဆရာ / ဆရာမကြီး များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေး အတွက် နိုင်ငံတော်မှ ချမှတ်ပေး ထားသည့် ပညာရေးမူဝါဒ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင် စေရန် ပညာရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး၊ လူတိုင်းအတွက် ပညာရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ (၂၀၁၂-၂၀၁၃)ပညာသင်နှစ် ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်တို့မှာ ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး၊ (၂၀၁၄-၂၀၁၅)ပညာသင် နှစ်တွင်  တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်တို့အပြင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံ မြို့နယ်တို့တွင်လည်း ထပ်မံတိုးချဲ့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသူများအပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် ပညာသင်ယူခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်များအား ဒုတိယအကြိမ် ပညာရေး အခွင့်အလမ်းပေးခြင်း ဖြင့် အမှန်တကယ်လိုအပ်နေသော အောက်ခြေလူတန်းစားများ၏ ပညာရေး ကွက်လပ်ကို ဖြည့်ဆည်း ပေးခြင်းဖြစ်သည့်အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်းသည် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး၊ အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တစ်မြို့နယ်လျှင် ဗလာစာအုပ်(၆၀) ဒါဇင်စီ၊ (၆)မြို့နယ် အတွက် (၃၆၀)ဒါဇင်နှင့် ခဲတံ(၇၀၀)ဒါဇင်ကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ မြို့နယ် ပညာရေးမှူးများမှ လက်ခံ၍ လည်းကောင်း၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဗလာစာအုပ်(၅၀)ဒါဇင်နှင့်  အလှူငွေကျပ် (၂)သိန်းခွဲ ပေးအပ်ရာ တောင်ကြီး မြို့နယ် ပညာရေးမှူးမှ လက်ခံ၍လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဗလာစာအုပ်(၃၀)ဒါဇင်နှင့် အလှူငွေကျပ်(၃)သိန်း၊ ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဗလာစာအုပ်(၄၉)ဒါဇင်နှင့် အလှူငွေကျပ်(၅)သောင်း၊ ပင်လောင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဗလာစာအုပ်(၃၀)ဒါဇင်နှင့် အလှူငွေ ကျပ်(၁)သိန်းခွဲ ပေးအပ်ရာ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ် ပညာရေးမှူးများမှ လက်ခံ၍လည်းကောင်း၊ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးက ဗလာစာအုပ်(၁၀၀) ဒါဇင်နှင့် အလှူငွေကျပ်(၃)သိန်းခွဲ၊ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူးက ဗလာစာအုပ်(၂၀)ဒါဇင်နှင့် အလှူငွေကျပ် (၂)သိန်းခွဲ ပေးအပ်ရာ မြို့နယ်ပညာရေးမှူးများမှ လက်ခံရယူ၍ လည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းက ဗလာစာအုပ်(၃၀)ဒါဇင်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ စီမံရေးရာဌာနမှူး ဒေါ်နန်းမိုခမ်းက ဗလာစာအုပ်(၃၀) ဒါဇင်ပေးအပ်ရာ ပြည်နယ် ပညာရေးဒုတိယ ညွှန်ကြားရေးမှူးမှ လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်က မြို့နယ်အုပ်ချုပ်ရေးမှူးများအား မြို့နယ် ကြီးကြပ်မှု ကော်မတီ ဥက္ကဌ တာဝန်ပေးအပ်လွှာများ ပေးအပ်ပေးပြီး၊ စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆုများချီးမြှင့်ပေးရာ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြေခံပညာ အထက်တန်း ကျောင်း၊ အလယ်တန်းကျောင်းမှ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် ကျောင်းပြင်ပပညာရေး ပြည်နယ်ကြီးကြပ်မှုကော်မတီမှ ပေးအပ်သော စွမ်းဆောင်ရည် အကောင်းဆုံး ဆုများကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက ဆုချီးမြှင့်ပေးရာ ထူးချွန်သော သင်တန်းသားများနှင့် ထူးချွန်သောအလယ်တန်း၊ အထက်တန်း အဆင့် ဆက်လက် တက်ရောက်သည့် ကျောင်းသာ/ သူများက လက်ခံရယူကြပြီး၊ ကျောင်းပြင်ပ မူလတန်း ပညာရေး၊ သင်တန်းသာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 90 guests and no members online