နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုတတိယအဆင့် အရှိန်မြင့်တင်မှုပြုလုပ်ငန်းစဉ်များ တောင်ကြီးမြို့၌ ရှင်းလင်းဆွေးနွေး

583

တောင်ကြီး   ဇူလိုင် - ၁၂

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုတတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီး၊ လွိုင်လင်၊ လင်ခေး ခရိုင်မှ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ၊ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် အရှိန်အဟုတ်မြှင့်တင် ဆောင်ရွက်ရာတွင် အချို့ဒေသများမှာ ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရှိရသဖြင့် ၎င်းမြို့နယ်များကို ရေ၊ မီး၊ လမ်း စသည့် လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွာကြရန် အဖွင့်အမှားစကား ပြောကြားသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်မှ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများက ဒေသဆိုင်ရာ အခြေအနေများအား ဆွေးနွေးတင်ပြပြီး၊ တောင်ကြီး၊ လွိုင်လင်၊ လင်ခေး ခရိုင်ရှိ မြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲ့မှု ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများက ဒေသဆိုင်ရာ အချက်အလက်များ နှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြရှင်းလင်းကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်တို့က မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံငွေများပေးအပ်ရာ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်ရှိ မြို့နယ်(၁၆)မြို့နယ်အတွက် တစ်မြို့နယ်လျင် ငွေကျပ်သိန်း(၄၀၀)စီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်မောင်မှ ပေးအပ်ရာ မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဌများက လက်ခံရယူပြီး၊ ပညာရေး ကဏ္ဍအတွက် ဗလာစာအုပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ရာ တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်ရှိ မြို့နယ်(၁၆)မြို့နယ်အတွက် ဗလာစာအုပ် တစ်မြို့နယ်လျှင် ဒါဇင်(၃၀၀)စီကို ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ မြို့နယ်ပညာရေးမှူး များက လက်ခံရယူကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်(၁၆)မြို့ကို (၁)မြို့နယ်လျှင် ငွေကျပ်သိန်း(၄၀၀)စီ ထောက်ပံ့ငွေများ စုစုပေါင်း ငွေကျပ်သိန်း(၆၄၀၀)နှင့် ဗလာစာအုပ်(၄၈၀၀)ဒါဇင်တို့ကို လှူဒါန်းပေးခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)