ရှမ်းပြည်နယ်၏ ဒေသန္တရ အချက်အလက်များ

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ငွေကြေး ရန်ပုံငွေအဖွဲ့(IFAD) နှင့် တွေ့ဆုံ

 

582

တောင်ကြီး   ဇူလိုင်   ၁၅

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက် ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာ ဌာန၊တာဝန်ရှိသူတို့နှင့်အတူ ဇူလိုင်(၁၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ငွေကြေး ရန်ပုံငွေအဖွဲ့(IFAD) နှင့် တွေ့ဆုံ ဆွေးနွေးသည်။

ပထမဦးစွာ နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ငွေကြေး ရန်ပုံငွေအဖွဲ့(IFAD) International Fund For Agricultural Development မှ Mr; THIERRY F. NAKIEUPက ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ မြန်မာနိုင်ငံအရှေ့ခြမ်း ပြည်နယ်များ၏ စိုက်ပျိုးရေး အခြေခံ၊ စီးပွားရေးအခြေခံ၊ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်း The Eastern States Agribusiness Project (EASP) နှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲသည့်အခါ စီမံကိန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့နှင့် ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း၊ စီမံကိန်းရည်ရွယ်ချက် မှ ကျေးလက် ဒေသရှိ ပြည်သူများ စီးပွားရေး အခွင့်အလမ်းရရှိရေး၊ လယ်ယာမဲ့ ပြည်သူများ ဝင်ငွေရရှိရေး၊ မိမိ ဒေသမှ စွန့်ခွာသွားပြီး၊ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် စီမံကိန်းရေးဆွဲရခြင်းဖြစ်ကြောင်း၊ ပြည်နယ် အဖွဲ့အစည်းများမှ ရွေးချယ်ပေးသည့် ဒေသ တွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများနှင့် အသေးစား လယ်သမားများ ပါမကျန် စီမံကိန်းထဲတွင် ရေးဆွဲသွားရမည်ဖြစ်ကြောင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ အပါအဝင် စီမံကိန်းတွင်ရေးဆွဲထားကြောင်း၊ ပြည်နယ်စီမံကိန်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထား ကြောင်း၊ လယ်သမား များအတွက် ငွေကြေးထောက်ပံ့မှုများ ပါဝင်ပြီး၊ မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေး နည်းပညာများ ပို့ချပေးရန် ကူညီသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အလုပ်ရုံ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပါဝင်အောင် ဖိတ်ကြားပေးရန်  ဆွေးနွေးပြောကြား သွားကြောင်း သိရှိရသည်။

                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 5 guests and no members online