ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ   ဇူလိုင်   ၂၃

595

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ဇူလိုင်(၂၃)ရက် နံနက်(၉)နာရီတွင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊  မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ (NGO)အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က" အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိတဲ့ကာလအတွင်း ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ်ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေးကို ဦးစားပေးကာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမဲ့ တာဝန်တို့ကို ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အခမ်းအနားသို့တက်ရောက်လာ ကြသည့် ဖွဲ့စည်းပြီးကော်မတီများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို တင်ပြပေးရန်နှင့် တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့် အချက်များကို တင်ပြ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်"ဟု ရှင်းလင်းဆွေးနွေးကာ အဖွင့်အမှာစကားပြောကြား သည်။ 

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီးတို့၏ တိုးတက်မှုများနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆက် ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။ 

   ဆက်လက်ပြီး မြို့နယ်(၉)မြို့နယ်မှ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ နှင့် စည်ပင်သာယာရေးကော်မီဝင်တို့က ဒေသတွင်းလိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ပြန်လည်ဆွေးနွေးကြသည်။

   ထို့နောက် ပြည်နယ် အစိုးရအဖွဲ့က မြို့နယ်(၉)မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း(၄၀၀)စီဖြင့် စုစုပေါင်းငွေကျပ် သိန်း(၃၆၀၀)ကိုလည်းကောင်း၊ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၃၀၀)စီဖြင့် ဒါဇင်ပေါင်း (၂၇၀၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ အသီးသီးတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

ပေးပို့သူ-ဒေါ်မြင့်မြင့်ခိုင်၊ လက်/ညွှန်၊ ပြန်/ဆက်၊ ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်၊ ကျိုင်းတုံမြို့

ဓာတ်ပုံ- ဦးလော်ကူး၊ ဓာတ်ပုံ-၂၊ ခရိုင် ပြန်/ဆက်၊ ကျိုင်းတုံမြို့

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 42 guests and no members online