ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ (M.O.U) ရေးထိုးခြင်းကျင်းပ

တောင်ကြီး   ဇူလှိုင် - ၂၅

596

   တာချီလိတ်မြို့နယ် မိုင်းဟယ်ကျေးရွာအုပ်စု၊ မိုင်းဟယ်ကျေးရွာ ကျောက်လှိုင်ဂူအနီးတွင် (၁၀)မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံး(၂)လုံးကို (B.O.O) Build, Operate, Own စနစ်ဖြင့် တည်ဆောက်မည့် စီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မင်းခေတ်သစ် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသည့်နားလည်မှုစာချွန်လွှာ (M.O.U) ရေးထိုးခြင်း အခမ်းအနားကို ဇူလှိုင်(၂၅)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကား ပြောကြား ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်၊ ကျန်းမာရေး ထိခိုက်မှု မရှိစေရန်နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ထားရှိပြီး ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားသုံး စက်ရုံးအနေဖြင့် သဘာဝတွင်းထွက်ပစ္စည်းနှင့် သုံးစွဲရသည့် အတွက် အန္တရာယ်မဖြစ်စေရန် အထူး ဂရုစိုက်ရန်လိုကြောင်းပြောကြားသွားသည်။

   ဆက်လက်၍ မင်းခေတ်သစ်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ အင်ဂျင်နီယာ ဦးလှသွင်မှ ကျောက်မီးသွေးစက်ရုံး တည်ဆောက်ခြင်းနှင့် ပတ်သတ်သည့်လုပ်ငန်းကိစ္စရပ်များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြပြီး၊ ဦးအေးချိုမှ ကုမ္ပဏီ အဖွဲ့ဝင်ပညာရှင်များနှင့် မိတ်ဆက်ပေးသည်။ 

   ထို့နောက် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ နားလည်မှုစာချွန်လွှာ (M.O.U)နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မင်းခေတ်သစ်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်တို့မှ နားလည်မှုစာချွန်လွှာ (M.O.U)လက်မှတ်များ ရေးထိုးကြပြီး၊ အပြန်အလှန်လှယ်ကြကာ၊ မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလိမီတက် ဦးစိုင်းဝင်းပန်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှားစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 49 guests and no members online

Latest Updates