ရှမ်းပြည်နယ်သတင်းများ

နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုတတိယအဆင့် အရှိန်မြင့်တင်မှုပြုလုပ်ငန်းစဉ်များ ပြည်နယ်/ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

တောင်ကြီး   ဇူလိုင် - ၂၆

597

   နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုတတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ အား ရှင်းလင်း ဆွေးနွေးပွဲကို ဇူလိုင်(၂၆)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ဒုတိယညွှန်ကြားရေးမှူးများ၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းရှေ့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားအရာရှိကြီးများ တက်ရောက်ကြသည်။

  ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံနှင့်အညီ ရွေးချယ်တင်မြှောက်သောနိုင်ငံတော်အစိုးရသည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးကြိုးပမ်းရာ၌ ပြုပြင်ပြောင်လဲမှုများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိပြီး၊ အစိုးရခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကို First Wave အဖြစ်ညင်သာချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၄)ရပ် ဖြစ်သော Political reform, Economic reform, Administrative reform, Public sector reform တို့ကို Second Wave အဖြစ် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရသည် ကျန်ရှိနေသော ကာလအတွင်း ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးတွင် ရေရှည်အတွက် အခြေခံအုပ်မြစ်ခိုင်းမာအောင် ချမှတ်ပေးရမည် အပိုင်းနှင့် ပြည်သူတို့၏ လူမှုစီးပွား ဦးစားပေးလိုအပ်ချက်များအား ချက်ချင်းဆောင်ရွက်ပေးရမည့် အပိုင်းတို့အား Third Wave အဖြစ် ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် ချမှတ်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ၊ လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေးတို့ကို အထိုက်အလျှောက် တိုးတက်ဖြည့်ဆည်း ပေးနိုင်ခဲ့သော်လည်း ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ရန် ကျန်ရှိသည့် မြို့ရွာများကို ဦးစားပေးအစီအစဉ်၌ ဖြည့်ဆည်း ပေးနိုင်ရေအတွက် ပြည်နယ်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုအဖွဲ့မှ တာဝန်ယူဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားသွားသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

                                                                                   မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 69 guests and no members online

Latest Updates