ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး   ဇူလှိုင် - ၂၆

598

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလှိုင်(၂၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)၊ (အရှေ့ပိုင်း)ရှိ ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ထူးချွန်ဆုရ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား/ သူများနှင့် မိဘများ၊ ပညာရေးအလှူရှင်များ၊ လူမူရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ 

   အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၄ခုနှစ်၊ ပညာရေးအကောင်အထည်ဖော်မှု နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ် (၅)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး အတွက် ဖြစ်ပါကြောင်း ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ထူးချွန်သည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အများကြီးလိုအပ်မည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်။ အခြေခံကျသည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ တိုးတက်မြှင့်မားလာအောင် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်(၁၉)ချက်ကို ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွှန်ချက်ဖြင့်ထားရှိဆောင်ရွက် လျှက်ရှိပါကြောင်း၊ ဂုဏ်ထူးရှင် ကျောင်းသာ/သူများသည် အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ နှင့် အညီ အနာဂတ်နိုင်ငံတော်အတွက် အားထားရသူများဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသူများ၊ အားကိုးထိုက်သူ များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် မှာကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်တွင် ၂၀၁၄ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၃၅၈၁၉)ဦးအနက် အောင်မြင်သူ(၉၉၁၈)ဦး ရှိလာပြီး၊ ရှမ်းပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း (၂၇.၆၉)ရာခိုင်နှုန်းရှိပါကြောင်း၊ အောင်မြင်သူများထဲ တွင် (၆)ဘာသာဂုဏ်ထူး (၁၃)ဦး၊ (၅)ဘာသာဂုဏ်ထူး (၄၁)ဦး၊ (၄)ဘာသာဂုဏ်ထူး (၅၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၉၉)ဦး၊ (၂)ဘာသာဂုဏ်ထူး(၂၄၇)ဦး၊ (၁)ဘာသာဂုဏ်ထူး (၁၀၈၇)ဦး၊ စုစုပေါင်း(၁၅၃၉)ဦး ပေါ်ထွန်းခဲ့၍ ကျေနပ်အားရအမိပါကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးတွင် အောင်ချက် (၃၆.၂၈)ရာခိုင်နှုန်းနှင့် လဲချားမြို့နယ်သည် အောင်ချက်အကောင်းဆုံးမြို့နယ်ဆုရရှိပြီး၊ လာရှိုးမြို့နယ်သည် (၃၆.၂၃)ရာခိုင်နှုန်း၊ ကျောက်မဲမြို့နယ် (၃၅.၆၅)ရာခိုင်နှုန်းရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းအဆင့်တွင် အ.ထ.က(၄) တောင်ကြီးမြို့သည် (၇၃.၁၉)ရာခိုင်နှုန်းဖြင့် ပထမ၊ အ.ထ.က(၆) တောင်ကြီးမြို့(၅၉.၈၉)ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အ.ထ.က(၁) တောင်ကြီး(၅၈.၂၃)ရာခိုင်နှုန်းဖြင့်၊ တတိယအသီးသီးရရှိသည်ကို တွေ့ရှိရပါကြောင်း၊ အောင်ချက်အကောင်းဆုံး မြို့နယ်ဆုနှင့် အောင်ချက်အကောင်းဆုံးကျောင်းအဆင့်များ ရရှိမှုများကို ဂုဏ်ပြုပါကြောင်း၊ လာမည့်ပညာသင်နှစ် တွင် အောင်ချက်ပိုးမို ကောင်းမွန်ရေး၊ ဂုဏ်ထူးရဦးရေ ပိုမိုတိုးတက်ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မှတ်ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်း ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ဆုရမြို့နယ်၊ ကျောင်းနှင့်ကျောင်းသား/ သူများအား ဆုချီမြှင့်ရာ ၂၀၁၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးမြို့နယ်ဆု၊ အောင်ချက်အကောင်းဆုံးကျောင်းဆု၊ (၆)သာဂုဏ်ထူးရှင်ဆုရကျောင်းသား/ သူ များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်တို့က ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

   ထို့နောက် (၅)ဘာသာဂုဏ်ထူးရှင်ဆုရ ကျောင်းသား/ သူများကို ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၄)ဘာသာဂုဏ်ထူး ရှင်ဆုရ ကျောင်းသား/ သူများ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာဂုဏ်ထူးရှင်ဆုရ ကျောင်းသား/ သူများ ကို ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်၍လည်းကောင်း (၆)ဘာသာဂုဏ်ထူးထွက်ရှိအောင် စွမ်းဆောင် နိုင်သော ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများအား ပြည်နယ်ဥပဒေချုပ်မှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ ထူးချွန်စွာသင်ကြားပို့ချပေးသည့် ဆရာ/ ဆရာမများနှင့် ကိုယ်ပိုင်ကျောင်းမှ ဆရာ/ ဆရာမ များအား၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ကဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြပြီး၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည် ပေးအပ်ခဲ့သည်။

   ၎င်းနောက် ၂၀၁၄ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ သူများကိုယ်စား ဘက်စုံထူးချွန်နှစ်ထပ်ကွမ်၊ (၆)ဘာသာဂုဏ်ထူးရှင်ဆုရ၊ အ.ထ.က(၄)ကျောင်းမှ မောင်ကောင်းထက်အောင်ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု ချီးမြှင့်ငွေစုစုပေါင်းကျပ် (၄၆၆.၅)သိန်း၊ ကုမ္ပဏီနှင့် အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းကျပ်(၅၂၁)သိန်း၊ (၅)သောင်း ဖြစ်ကြောင်း သိရှိရပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 66 guests and no members online