အင်းလေးဒေသ ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာပေးအပ်

တောင်ကြီး   သြဂုတ်   ၂

605

   ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အင်းလေးဒေသ ဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီမှ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာပေးအပ်ပွဲကို သြဂုတ်(၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အင်းလေးဒေသဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီများ၊ ဟိုတယ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာများ ပေးအပ်ရာ ဟိုတယ်(C)ဇုန်မှ လုပ်ငန်းရှင်(၅)ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ပြီး၊ အင်းလေးဒေသ ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်း နှင့် ဒုတိယ ဥက္ကဌ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့က ဟိုတယ်(B)ဇုန်မှ လုပ်ငန်းရှင်(၆)ဦး၊ ဟိုတယ်(A)ဇုန်မှ လုပ်ငန်းရှင်(၁၁)ဦး တို့ကို ယာယီမြေပေးမိန့်နှင့် အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့က တောင်ကြီးမြို့ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် စတင် မတည်ငွေ ငွေကျပ်သိန်း(၂၀၀)လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

606

   ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး၊ မြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဌ မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ နာယက ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော် များ ရွတ်ဖတ်သဇ္စျာယ်ပေးပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်မှ မတည်ငွေကျပ် သိန်း(၂၀၀) အလှူငွေ ဆက်ကပ်လှူဒါန်းပြီး၊ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအလယ်တန်း၊ အထက်တန်း၊ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ် ဒါဇင်(၁၀၀)ပေးအပ်လှူဒါန်း၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုက ငွေကျပ်(၃)သိန်း၊ ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီး မိသားစုက ငွေကျပ်(၅)သိန်း၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး မိသားစုက ငွေကျပ်(၂)သိန်း၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး မိသားစုက ငွေကျပ်(၁)သိန်း၊ ပြည်နယ် သစ်တောနှင့် သတ္တု ဝန်ကြီး မိသားစုက ငွေကျပ်(၃)သိန်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်းကြီး မိသားစုက ငွေကျပ်(၁)သိန်း (၅)သောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး မိသားစုက ငွေကျပ်(၁)သိန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး မိသားစုက ငွေကျပ်(၂)သိန်း ပေးအပ်လှူဒါန်းကြရာ ကျောင်းအကျိုးတော်ဆောင် တာဝန်ရှိသူမှ လက်ခံရယူသည်။

   ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ မိသားစုမှ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် စုစုပေါင်းလှူဒါန်းငွေကျပ်(၁၈)သိန်း (၅)သောင်းလှူဒါန်းခဲ့ကြပြီး၊ မြို့နယ် သံဃာနာယက အဖွဲ့ ဥက္ကဌ မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ နာယက ထံမှ လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၃ထပ်RC) ကျောင်းဆောင်သစ်ဆောက်လုပ်မည့်နေရာသို့ လှည့်လည် ကြည်ရှု့ကြကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)