ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ်

တောင်ကြီး   သြဂုတ်   ၆

607

   ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို သြဂုတ်(၆)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာတော် သံဃာတော်များ တက်ရောက်ကြသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါ စရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာ စရိယ) စွန်းလွန်းဂူ ကမ္မဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

   ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ် ချီးမြင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူ မြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြသည်။  

   ထို့နောက် ပြည်နယ်သံဃာနာယက ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေး တော်မူသည်၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ပေးကြကြောင်း သိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online

Latest Updates