ရှမ်းပြည်နယ်သတင်းများ

တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် အောင်မြင်ပြီးမြောက်ခြင်း ကျင်းပ

တောင်ကြီး   သြဂုတ်   ၅

610

   ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ဖိုရမ် (၂၀၁၄)ခုနှစ် အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို သြဂုတ်(၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ကျင်းပရာ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်း၊ ရှမ်းပြည်နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်နယ် ဝန်ကြီးများ၊ အတွင်းရေးမှူး နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ တက်ရောက်ကြသည်။

   အခမ်းအနားတွင် ပါတီဝင်လူငယ်များက ခြင်္သေ့ပါတီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ တောင်သူ လယ်သမားဖိုရမ် ဆွေးနွေးချက်စာတမ်းကို လင်းခေးခရိုင် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍ လည်းကောင်း၊ အလုပ်သမားဖိုရမ် ဆွေးနွေးချက်စာတမ်းကို ပင်လောင်းမြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ လူငယ်ဖိုရမ် ဆွေးနွေးချက်စာတမ်းကို ရပ်စောက်မြို့နယ် ပါတီဝင် တစ်ဦးမှ ဖတ်ကြား တင်ပြကြသည်။

   ထို့နောက် ပါတီဝင်လူငယ်များက တို့…………ပြည်ခိုင်ဖြိုး လူငယ်သီချင်းဖြင့် သီဆိုကြပြီး၊ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်ကို ပြည်နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍ လည်းကောင်း၊ အလုပ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်ကို ဆီဆိုင်မြို့နယ် ပါတီဝင်တစ်ဦးမှ ဖတ်ကြား၍လည်းကောင်း၊ လူငယ်ရေးရာ ရှေ့လုပ်ငန်းစဉ်ကို ပြည်နယ်ပါတီဝင် တစ်ဦးမှ အသီးသီး ဖတ်ကြားတင်ပြ ကြသည်။

   ၎င်းနောက် ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဉာဏ်လင်းက ဆွေးနွေးတင်ပြပြီး၊ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်းနှင့် ရှမ်းပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 63 guests and no members online

Latest Updates