ရှမ်းပြည်နယ်သတင်းများ

(၂၀၁၃-၂၀၁၄)ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် သဘာဝဘေးရေကြီးနစ်မြှပ်ခြင်းအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

ကွမ်းလုံ   သြဂုတ်   ၅

611

   ရှမ်းပြည်နယ်(လားရှိုးဒေသ) ကွမ်းလုံမြို့နယ်ရှိ (၂၀၁၃-၂၀၁၄)ပညာသင်နှစ် တက္ကသိုလ်ဝင် စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်(၅)ရက် နံနက်(၉)နာရီက ကွမ်းလုံမြို့ သံလွင်ဦးခန်းမ၌ ကျင်းပသည်။

   ရှမ်းပြည်နယ်(လားရှိုးဒေသ) ကွမ်းလုံမြို့နယ်ရှိ (၂၀၁၃-၂၀၁၄)ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၂)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား ဆုငွေကျပ် (၂)သိန်းစီ၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား ဆုငွေကျပ်(၁)သိန်းစီနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြ သော ကျောင်းသား/ကျောင်းသူ(၂၁)ဦးအား ငွေကျပ်(၅)သောင်းစီ၊ မြို့နယ်အဆင့် သင်္ချာစာ စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်လူမှုရေး ဝန်ကြီးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်သော အရံသားဖွားသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

   ထို့နောက် မွန်းလွဲ(၁)နာရီက ကွမ်းလုံမြို့၊ သံလွင်ဦးခန်းမ၌ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ် အတွင်း  သံလွင်မြစ်ရေနှင့် ချောင်းရေများလျှံတက်ခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းတို့ကြောင့် ကွမ်းလုံမြို့နယ်အတွင်း မိုးသီးနှံများပျက်စီးခြင်း၊ အဆောက်အဦများ ပြိုကျပျက်စီးဆုံးရှုံးခြင်း တို့အတွက် မိုးသီးနှံ ရေကြီးနစ်မြှပ်ပျက်စီးသည့် (၃၁၄)ဧကအတွက် (၁)ဧက ငွေကျပ်(၁)သောင်း နှုန်းဖြင့် ငွေကျပ်(၃၁.၄)သိန်း၊ မြေပြိုခြင်းကြောင့် ထိုက်သင့်သော ဆုံးရှုံးမှုခံစားရသည့် အိမ်ထောင်စု(၆)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ငွေကျပ်(၁.၈)သိန်း၊ စုစုပေါင်းငွေကျပ်(၃၃.၂)သိန်း၊ ဟိုပန်မြို့နယ်ရှိ မိုးသီးနှံရေကြီးနစ်မြှပ်ပျက်စီးသည့် (၄၂၂)ဧက အတွက် (၁)ဧကလျှင် ငွေကျပ်(၁)သောင်းနှုန်းဖြင့် ငွေကျပ်(၄၂.၂)သိန်းနှင့် ဟိုပန်မြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၁၀၂)အိမ်ထောင်စုအတွက် (၁)အိမ်ထောင်လျှင် ငွေကျပ်(၃)သောင်းနှုန်း ဖြင့် ငွေကျပ်(၃၀.၆)သိန်း၊ ရေဘေးသင့်အိမ်ထောင်စုများအသုံးပြုရန် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ကုန်များ တန်ဖိုးငွေကျပ်(၁၄.၇၁)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ် (၂)မြို့နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စုစုပေါင်းထောက်ပံ့ငွေမှာ (၁၂၀.၇၁)သိန်း ဖြစ်ကြောင်းသိရှိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates