ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ်

တောင်ကြီး   သြဂုတ်   ၈

612

   ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူ၍ ဆရာတော်ကြီး(၉)ပါးအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပွဲကို သြဂုတ်(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာတော် သံဃာတော်များ တက်ရောက်ကြသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါ စရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာ စရိယ) စွန်းလွန်းဂူ ကမ္မဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

   ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္စျာယ် ချီးမြင့်ပေးကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူတို့က  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြသည်။  

   ထို့နောက် ပြည်နယ် သံဃာနာယက ဥက္ကဌ(အဂ္ဂမဟာပဏ္ဍိတ) ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိက ကုသိုလ်အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ပေးကြကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 106 guests and no members online

Latest Updates