ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီးချုပ် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာ သို့ လှည့်လည်ကြည့်ရှုစစ်ဆေး

တောင်ကြီး      သြဂုတ်(၁၃)

616

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် သြဂုတ်(၁၃)ရက်နေ့ (၁၂၀၀)အချိန်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိလာရာ  လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေး၊ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်းက ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းဧရိယာ အတွင်းကျရောက်သော ကျေးရွာ(၂၃)ရွာနှင့်ပြောင်းရွှေ့လာသော ကျေးရွာများအတွက်  မြေနေရာချထားမှုနှင့် စိုက်ပျိုး မြေနေရာရရှိရေးကိစ္စရပ်များ၊ ပြောင်းရွှေ့လာသောရွာများအတွက် ပညာရေးအတွက်စာသင်ကျောင်းများဆောက်လုပ် ထားမှုအခြေအနေ၊ ကျန်းမာရေးအတွက် ဆေးပေးခန်းများဆောက်လုပ်ထားမှုအခြေအနေ၊ လျှပ်စစ်မီးသွယ်တန်း ထားမှုအခြေအနေ၊ လမ်းများဖောက်လုပ်ထားမှုအခြေအနေ၊ ပြောင်းရွှေ့ရောက်ရှိလာသော ကျေးရွာများအတွက် ထောက်ပံ့ကြေးငွေပေးအပ်ထားမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြပါသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ စုစည်းထားသောကျေးရွာများကို မြို့အဆင့်သို့တိုးမြှင့်ပြီး အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် မြေနေရာချထားမှုနှင့် မြို့မြေအဖြစ်သတ်မှတ်ရေးတို့ကိုဆွေးနွေးပါသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသော ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စုစည်းထားသော ကျေးရွာများအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပံ့ပိုးဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားပြီး (၁၃:၃၀)အချိန်တွင် ရှင်းလင်းဆောင်မှ တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online

Latest Updates