ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း(၄)ခရိုင် Chaing Rai, Phrae, Phayao, Nan ဒေသမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲနှင့်

တောင်ကြီး   သြဂုတ်   ၁၅

617

   ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ညီနောင်အသင်းများနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင် Chaing Rai, Phrae, Phayao, Nan ဒေသမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်များ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲကို သြဂုတ်(၁၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။

   ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်စည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်း၊ ဒုတိယ ဥက္ကဌ ဦးစိုင်းနောင့်၊ အတွင်းရေးမှူး ဦးသန်းမောင်၊ ဖယောင်း(ဝ်)ခရိုင်မှ လေတပ်ဗိုလ်ကြီး SUVICHA၊ ဖရဲ့ခရိုင်မှ ဒုတိယ ဝန်ကြီးချုပ် MR;THANARORN၊ ချိုင်းရိုင်း ခရိုင်မှ စည်ပင်သာယာရေးဌာန MR;CHALAEMPON တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင် ကုန်သည် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖယောင်း(ဝ်)ခရိုင်မှ လေတပ်ဗိုလ်ကြီး SUVICHA မှ မိတ်ဆက်နှုတ်ခွန်း ဆက်သ၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

   ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်များမှ အချင်းချင်းအပြန်အလှန် မိတ်ဆက်ခြင်း၊ နှစ်နိုင်ငံကန်သည်များမှ  အထွေထွေဆွေးနွေးကြပြီး၊ နှစ်နိုင်ငံကုန်သည်များမှ နှစ်ဦးသဘောတူ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက် ကြောင်း သိရှိရသည်။

   အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်း(၄)ခရိုင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)