ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းအိမ်ယာတည်ဆောက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး   သြဂုတ်   ၁၆

618

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် သြဂုတ်(၁၆)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ၊ ဝါးပြားသုဿာန်ဟောင်းသို့ ရောက်ရှိလာရာ အရာထမ်းနှင့်အမှုထမ်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တောင်ကြီးခရိုင် မြေစာရင်းဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့်မြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းရာ၊ ပြည်နယ် ဝန်ကြီးချုပ်မှ လက်ရှိမြေတွင်နေထိုင်ကြသည့်ပြည်သူများကို ပြန်လည်နေရာချပေးရန်နှင့် ဦးစားပေးဆောင်ရွက်ရန်၊ လက်ရှိနေထိုင်သည့် ပြည်သူများအတွက် တိုက်ခန်းများတည်ဆောက်ပြီးစီးပါက ခက်ခဲမှုမရှိအောင် ဦးစားပေးဆောင်ရွက်ပေးရန် လူဦးရေ တိကျစွာ စာရင်းကောက်ယူ၍ ထပ်မံတိုးပွားမှုမရှိအောင် ဂရုစိုက်ရန်၊ ပြည်သူများ နားလည်မှုရရှိအောင် ရှင်းပြရန်နှင့် ဝန်ထမ်းများနေထိုင်မည် ဖြစ်သည့်အတွက် အဆောက်အဦများ ကို ပြည်စုံစွာဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားသွားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်း အိမ်ယာများကို (၂၀၁၅-၂၀၁၆)အထိ ဆက်လက်ရာထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့မှ ထွက်ခွာလာရာ အေးသာယာပြည်သူ့အိမ်ယာစီမံကိန်းသို့ရောက်ရှိလာပြီး၊ အိမ်ယာစီမံကိန်း တည်ဆောက်မည့်မြေနေရာကို ကြည့်ရှု၍ ရှင်းလင်းဆောင်၌ ဦးနန္ဒလှမြင့်မှ အိမ်ယာစီမံကိန်း တည်ဆောက်မည့် အိမ်ယာပုံစံများကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

619

ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ဆွေးနွေးမှာကြားရာ မြေသားလမ်းများ၊ အမှိုက်ပုံ ကိစ္စရပ်များ၊ အမှိုက်ပုံနှင့် သုဿာန်နီးစပ်မှုများမရှိစေရန် စိုက်ပျိုးမြေနှင့် ယာမြေခွဲခြားရန်၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးစီး၍ စာရင်းများ ကောက်ယူပြီး အမြန်ဆုံး စာရင်းများပြုစုပေးရန်၊ ဘဏ်နှင့်ချိတ်ဆက်ပြီး ကုမ္ပဏီအဖွဲ့များနှင့် ဆွေးနွေးမှုပြုလုပ်ရန်၊ ဝန်ထမ်းများ ပြည်သူများအတွက် တိုက်ခန်းများ ဝယ်ယူမှုတွင် သက်သာမှုရှိစေရန်နှင့် မြန်ဆန်မှုပြီးစီးနိုင်ရန်၊ ဌာနဆိုင်ရာများက လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖြည့်ဆည်းပြောကြားသွားသည်။

၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အေးသာယာ ပြည်သူ့အိမ်ယာ တည်ဆောက်မည့်မြေနေရာများ၊ လမ်းဖောက်လုပ်မည့်နေရာများသို့ လှည့်လည်ကြည့်ရှုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ရောက်ရှိလာရာ အားကစားရုံသစ်၌ မြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အေးသာယာမြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းရှေ့ရှိ မြို့ကွက်သစ်၊ မြေကွက်သစ်နေရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ထားရှိမှုနှင့် ပြီးစီးမှုတို့ကို ရှင်းလင်း၍ လည်းကောင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများကလည်း ကျောက်လမ်း၊ တံတားများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း၍ လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူမှ ဆောက်လုပ် ပြီးစီးလျက်ရှိသော အားကစားရုံများ၊ အိပ်ဆောင်များကို ရှင်းလင်းကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများ၏ အိပ်ဆောင်ခန်းမများ၊ ရေချိုးခန်း၊ သန့်စင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 71 guests and no members online

Latest Updates