ရှမ်းပြည်နယ်သတင်းများ

ကျောင်းကျန်းမာရေးနေ့အခမ်းအနားနှင့် ရှမ်းပြည်နယ် ပညာရေး(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး     သြဂုတ် - ၁၆

623

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် သြဂုတ်(၁၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းကျောင်းဆောင်၌ ကျင်းပပြုလုပ်သော ကျောင်းကျန်းမာရေးနေ့ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်လူမူရေးဝန်ကြီးသည် ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းကျန်းမာရေးနှင့် ပတ်သက်သော ပြခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်၊ ယင်များမပေါက်ပွားစေရန်အတွက် ဆေးမီးခိုးငွေ့မှုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်လူမူရေးဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံပညာရေး (၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ပညာရေးနှင့် ပတ်သက်သောလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ အခမ်းအနားသို့ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး(တောင်ကြီး)၊ ပြည်နယ် ပညာရေး ဒုတိယညွှန်ကြားရေးမှူး (လားရှိုး)၊ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး (ကျိုင်းတုံ)နှင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 147 guests and no members online