သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်း ဆင်းပွဲကျင်းပ

တောင်ကြီး      စက်တင်ဘာ - ၇

635

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းဆင်းပွဲ ခမ်းအနားကို စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လည် (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ 

   အဆိုပါ သင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ သမဝါယမအသင်း အဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

   သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အမှုထမ်းများ အဆင့်မြင့် သမဝါယမသင်တန်းကို ၂၀၁၄ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့မှ စက်တင်ဘာလ (၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ သမဝါယမ ဦးစီးဌာန အဆင့်ဆင့်မှ ဌာနခွဲစာရေးဝန်ထမ်း သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပါသည်။