ရှမ်းပြည်နယ်သတင်းများ

(၂၀၁၃-၂၀၁၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂုဏ်ပြု ချီးမြှင့်ပေး

လားရှိုး   စက်တင်ဘာ   ၇

   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုံ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါလျက် စက်တင်ဘာ(၇)ရက် နံနက်(၉)နာရီက လားရှိုးမြို့သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများမှ လားရှိုးလေဆိပ်တွင် ကြိုဆိုကြသည်။

641

   ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုံ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် နံနက်(၁၀)နာရီက လားရှိုးမြို့၊ မြို့တော် ခန်းမ၌(၂၀၁၃-၂၀၁၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်သည်။ အခမ်းအနားတွင် (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၄၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၂၁)ဦး၊ စုစုပေါင်း(၂၀၁)ဦးတို့အား ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့မှ စုစုပေါင်းဂုဏ်ပြုငွေကျပ်(၃၄၁)သိန်းအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရ ကျောင်းသား/ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မမေမြတ်နိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

   ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် မြို့တော်ခန်းမမှ ပြန်လည် ထွက်ခွာလာရာ နံနက်(၁၁)နာရီတွင် တွဲဖက်ပြည်နယ် မီးသတ်ဦးစီးဌာန၌ မီးသတ်ယာဉ်ပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ရာ အခမ်းအနားတွင် Young Investment Group ကုမ္ပဏီအုပ်စု Young Auto ကုမ္ပဏီဥက္ကဌ ဦးသီဟအောင်မှ ပေးအပ်လှူဒါန်းသည့် မီးသတ်ယာဉ်နှင့် ပတ်သက် သော စာရွက်စာတမ်းများအားလားရှိုးမြို့၊ ရပ်ကွက်(၁၂) အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်လှက လက်ခံရယူပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

   ၎င်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့သည် မွန်းတည့်(၁၂)နာရီက မော်တော်ယာဉ်ဖြင့်ထွက်ခွာလာရာ လားရှိုးမြို့ ရပ်ကွက်(၁)နယ်မြေ(၇)ရှိ၊ ထင်းရှူးမြိုင်မြို့ကွက်သစ် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး၊ မြေကွက်ဖော်ထုတ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ ရပ်ကွက်(၁)၊ နယ်မြေ(၉)ရှိ နားမခေါ်ယာဉ်ရပ်နားစခန်း၊ ချယ်ရီမြိုင်အိမ်ယာသို့ ရောက်ရှိလာရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်၊ ဆက်လက်၍ ပြည်နယ် စည်ပင်သာယာရေးဌာနရှိ  တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

   ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် မွန်းလွဲ(၃:၃၀)က ရွှေလီ ရိပ်သာမှ ထွက်ခွါလာရာ ကန်မိန်းဘုန်းကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး၊ ကန်မိန်းကျောင်းတိုက်၊ မန်ပျဉ်ကျောင်းတိုက်၊ မိုင်းတင်ကျောင်းတိုက်များမှ ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် မန်ဆူဗမာဘုန်းကြီးကျောင်း၊ မန်ဆူရှမ်း ဘုန်းကြီးကျောင်း၊ ရပ်ကွက်(၁၀)နယ်မြေ(၁)ရှိ တောရဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြသည်။

   ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် အဖွဲ့သည် စက်တင်ဘာ(၈)ရက် နံနက်(၈:၂၀)က ရွှေလီရပ်သာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွါလာရာ လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ ယူလီခဆေးခန်းသို့ သွားရောက်စစ်ဆေးကြသည်။

642

   ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့သည် စက်တင်ဘာ(၉)ရက် နံနက်(၈:၁၅)က ရပ်ကွက်(၁၀)ဘူတာလမ်းရှိ ဘာသာမရွေးနာရေးကူညီမှုအသင်း၌ လူနာတင် ယာဉ်(၁)စီး ပေးအပ်လှူဒါန်းပွဲသို့တက်ရောက်ရာ အခမ်းအနားတွင် နယူးစတားလိုက်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လားရှိုးမြို့ ဘာသာမရွေးနာရေးကူညီမှုအသင်း ဥက္ကဌ ဦးမျိုးမြင့်ထံ လူနာတင်ယာဉ်နှင့် ပတ်သက်သော စာရွက်စာတမ်းများပေးအပ်ပြီး၊ အမှတ်တရ ဓါတ်ပုံရိုက်ကူး၍ လူနာတင်ယာဉ်အား ကြည့်ရှုစစ်ဆေးကြသည်။

   ၎င်းနောက် လားရှိုးမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြပြီး၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဒုတိယဝန်ကြီး သန့်ရှင်းတို့က လေ့ကျင့်ရေးအလယ်တန်းကျောင်းမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လေ့ကျင့်ရေးအလယ်တန်းကျောင်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးစိုးသန်းက လိုက်လံရှင်းလင်းပြသသည်။

643

   ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့ ပညာရေးကော်လိပ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပညာရေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ပညာရေးကော်လိပ် ရှင်းလင်းဆောင်သို့ သွားရောက်ရာ ပညာရေးကော်လိပ် ကျောင်းအုပ်ကြီး ဦးစိုးသန်းက (၂၀၁၃-၂၀၁၄)ပညာသင်နှစ်တွင် လက်ခံသင်ကြားပေးနေသည့် သင်တန်းသား/သင်တန်းသူအင်အားနှင့် သင်ကြားရေးဝန်ထမ်းအင်အား အခြေအနေ၊ ကျောင်းပရဝဏ်အတွင်း စာသင်ဆောင်များနှင့် စာသင်ခန်းများ အခြေအနေများအပေါ် အသေးစိတ်ရှင်းလင်းတင်ပြရာ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး၊ နိုင်ငံခြားသားပညာရှင် သြစတေးလျ နိုင်ငံသား(Mr; Greg)အား ပညာရေးဝန်ကြီးမှ အမှတ်တရလက်ဆောင် ပေးအပ် ခဲ့သည်။

   ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ပညာရေးကော်လိပ်မှ ပြန်လည်ထွက်ခွါလာရာ လားရှိုးမြို့၊ မြို့ရှောင်ကွင်းလမ်း ရှင်းလင်းဆောင်သို့ရောက်ရှိပြီး၊ ရှင်းလင်း ဆောင်တွင် အေရှားဝေါလ်ကုမ္ပဏီ ဥက္ကဌ ဦးထွန်းမြင့်နိုင်နှင့် ကုမ္ပဏီအထွေထွေစီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါ်နန်းကြာလီတို့မှ လားရှိုးမြို့ရှောင်လမ်းနှင့်ကွမ်းလုံလမ်းမကြီး ဖောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဒုတိယ သမ္မတမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ မြို့ရှောင်လမ်းနှင့် မူဆယ်ကားလမ်းမပေါ်ရှိ အေတီ(ရေကျော်) တံတားသစ် တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 73 guests and no members online

Latest Updates