တောင်ကြီးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာမူရှင်နှင့် ထူးချွန်းကျောင်းသား/ သူများအား ဂုဏ်ပြုပွဲကျင်းပ

တောင်ကြီး စက်   -   ၁၁

644

   ရှမ်းပြည်နယ်တောင်ကြီးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာမူရှင် ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ကိုယ်စားပြု ပြိုင်ပွဲဝင်သော ဆုရကျောင်းသား/ သူများ ဂုဏ်ပြုပွဲကို စက်တင်ဘာ(၁၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီး တက္ကသိုလ် ကျိုင်းတုံးခန်းမတွင် ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်မူမူမြင့်က အဖွင့်အမှာစကား ပြောကြားရာမိမိတို့၏ စိတ်ထဲမှာရှိသည့် အနုပညာပိုင်းဆိုင်ရာအတွေးအခေါ်များ၊ ဘာသာရပ်များ၊ အတွေ့အကြုံများ ကို တောင်ကြီးတက္ကသိုလ် မဂ္ဂဇင်းထဲတွင် ဖြန့်ဝေပေးနိုင်ကြောင်း၊ တောင်ကြီးတက္ကသိုလ်မှလည်း အမှတ်တရ ဂုဏ်ပြုပွဲများပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ စာမူရှင်များကလည်း စာမူများကို စောစောပေးပို့နိုင်ပါက မဂ္ဂဇင်း စာအုပ်များ စောစောထွက်နိုင်ကြောင်း၊ နှစ်စဉ်စာမူရှင်များကို ဂုဏ်ပြုပွဲများလုပ်ပေးနိုင်ကြောင်း၊ (၂၀၁၄)ခုနှစ် ထွက်မဂ္ဂဇင်းတွင် မပါသည့်စာမူများကိုလည်း လိုအပ်သည့်အချက်များပြန်လည် မွမ်းမံပြီး၊ (၂၀၁၅)ခုနှစ် ထွက်ရှိမည့် မဂ္ဂဇင်းများတွင် ပြန်လည်အသုံးပြု၍ တောင်ကြီးတက္ကသိုလ်မဂ္ဂဇင်းဖြစ်သည့် အတွက် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများက စာမူများကို မှန်မှန်ပေးပို့ရန်နှင့် တောင်ကြီးတက္ကသိုလ်ကိုယ်စားပြုပြိုင်ပွဲများ၊ သွားရောက်ယှဉ်ပြိုင်သည့် ကျောင်းသား/ သူများ ဆုရရှိအောင် ယှဉ်ပြိုင်ကြရသည့်အတွက် ထပ်ဆင့်ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။ 

   ဆက်လက်၍ စာမူရှင်နှင့် တက္ကသိုလ်ကိုယ်စားပြုပြိုင်ပွဲဝင်သော ဆုရကျောင်းသား/ သူများအားဂုဏ်ပြုပွဲ ကျင်းပရာ (၂၀၁၃)ခုနှစ်၊ တောင်ကြီးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာမူရှင် (၆၄)ဦးနှင့် ရှမ်းပြည်နယ်ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ၊ အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲ၊ ထူးချွန်ကြက်ခြေနီများ၊ အားကစားပြိုင်ပွဲများတွင် တက္ကသိုလ် ဂုဏ်ဆောင်ထူးချွန်ဆုများရရှိ လာသည့် တောင်ကြီးတက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/ သူ (၁၄)ဦးအား၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာဒေါ်မူမူမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ/ ဆရာမများတို့က အသီးသီးဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါဂုဏ်ပြုပွဲသို့ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာ/ ဆရာမများ၊ မဂ္ဂဇင်းကော်မတီအဖွဲ့များ၊ စာမူရှင်များ၊ ထူးချွန်ဆုရကျောင်းသား/ သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက်ရောက်ကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)