ရှမ်းပြည်နယ်သတင်းများ

မိုင်းဆတ်ကျောင်းများ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် စက်တင်ဘာ  −  ၁၁ 

646

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသခံပြည် သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုပြီး စာပေအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ လစဉ်ကွင်းဆင်းပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊  စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၁ ရက် နံနက်(၁၀)နာရီက ကျဒယ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ အခမ်းအနား ကျင်းပသည်။

   အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက စာဖတ် ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ''အကျင့် ကောင်းကလေး '' ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ပထမဆုရ ဆဌမတန်းမှ မဇူးဇူးမောင်ကို ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရ ဆဌမတန်းမှ မဆူးမြတ်ဝေကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်သန်းက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့်ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်တို့ကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ခဲ့ကြောင်းသိရသည်။

   အလားတူ မွန်းလွဲ(၁)နာရီက ဝိန်းနေကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပရာ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မူးယစ် ဆေးဝါးဆိုးကျိုးများအကြောင်းရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ  ပထမဆုရ စတုတ္ထတန်းမှ မောင်အဲလှကို ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက လည်းကောင်း၊ ဒုတိယဆုရ စတုတ္ထတန်းမှ မောင်လီဒွန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့အေးက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီး မြှင့်ခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                 ယဉ်ဝင်း(iprd)

                                                                                                                                                                            ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 62 guests and no members online

Latest Updates