ရှမ်းပြည်နယ်သတင်းများ

ပြည်သူ့အတွက် ရာစုသစ်(NEW CENTURY) သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး   အောက်တိုဘာ   ၃

   မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရောက်မှုအတွက် အရေးပေါ်လိုအပ်သောသွေးများကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရေး၊ ပရဟိတကျောင်းများ၊ ပညာရေးကဏ္ဍများ၊ သာရေး/နာရေး ကိစ္စရပ်များ၊ ဘာသာရေးပွဲများတွင် လိုအပ်သောပံ့ပိုးမှုများကို ရာစုသစ်(NEW CENTURY)အဖွဲ့မှ တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဝေးလံသီခေါင်သော ကျေးလက်ဒေသများတွင် လိုအပ်သော ကျန်းမားရေး စောင့်ရှောက်မှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကူအညီဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးဆောင်ရွက် ပေးရန် ရည်ရွယ်၍ ရာစုသစ်(NEW CENTURY) သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့ လှုပ်ရှား ဆောင်ရွက်မှုများ ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။

   ရာစုသစ်(NEW CENTURY) သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်းသည် (၂၀၁၃)ခုနှစ် စက်တင်ဘာလမှစတင်ကာ (၂၀၁၄)ခုနှစ်အထိ (၁)နှစ်ပြည့်ခဲ့ပြီး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လူကြီးမှကလေးအထိ ကျေးရွာများ၊ မြို့နယ်များသို့ သွားရောက်ကွင်းဆင်း၍ မျက်စိ ရောဂါ၊ အရိုးအကြောရောဂါ၊ သွားရောဂါနှင့် အထွေထွေရောဂါတို့ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (၂၀၁၃)ခုနှစ်တွင် ဆီဆိုင်မြို့နယ်၊ ပင်းလောင်မြို့နယ်၊ ဘော်ဆိုင်း၊ တောင်ကြီးမြို့နယ်ရှိ နန်းဟူးကျေးရွာ၊ လင်းခေးခရိုင်ရှိ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်များတို့တွင် လူနာပေါင်း(၄၁၄၂)ဦး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပြီး၊ (၂၀၁၄)ခုနှစ်၊ စက်တင်ဘာလ တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ မင်းချောင်းကျေးရွာတွင် မျက်စိရောဂါ (၁၁၇)ဦး၊ သွားရောဂါ (၆၂)ဦး၊ အရိုးအကြော(၈၈)ဦး၊ အထွေထွေရောဂါ(၂၄၆)ဦး၊ တိုင်းရင်းဆေး (၁၄၁)ဦး၊ စုစုပေါင်း (၆၅၄)ဦးတို့ကို ဒေါက်တာဇော်ဝင်းလှိုင် (ပြည်နယ်ကျန်းမာရေး)၊ ဒေါက်တာအောင်မိုးထွန်း (မျက်စိရောဂါ ကုသရေးအဖွဲ့)၊ ဒေါက်တာဦးမောင်ဝင်း (အရိုးအကြော ရောဂါကုသရေးအဖွဲ့)၊ ဒေါက်တာမြင့်မြင့်အေး (သွားရောဂါကုသရေးအဖွဲ့)၊ ဒေါက်တာ မိုးမိုး (အထွေထွေရောဂါကုသရေးအဖွဲ့)၊ (တိုင်းရင်းဆေး) ဆရာမကြီး ဒေါ်ယသော်တို့က ရာစုသစ်(NEW CENTURY) သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေး အဖွဲ့နှင့်ပူးပေါင်း၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပရဟိတ ကျောင်းများတွင်လည်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရာ လူနာ(၃၅၀)ကျော်ခန့် ကုသ ပေးလျက်ရှိကြောင်း သိရသည်။

   ရာစုသစ်(NEW CENTURY) သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့သည် ဆင်းရဲမှု လျော့ချရေးခေါင်းစဉ်နှင့်အညီ ကျေးလက်ဒေသ၊ မြို့နယ်နှင့် မြို့ပေါ်ရပ်ကွက်မကျန် အခမဲ့ ကျန်းမာရေး ဆေးကုသစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိရာ (၂၀၁၃-၂၀၁၄)ခုနှစ် (၁)နှစ်တာအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလူနာအပေါင်း(၄၇၉၆)ဦး အခမဲ့ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

                                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 104 guests and no members online