ရှမ်းပြည်နယ်သတင်းများ

၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အခြေခံပညာဆရာ၊ ဆရာမများ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၅

665

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အခြေခံပညာဆရာ၊ ဆရာမများ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို အောက်တိုဘာ (၅)ရက်၊ နံနက်(၈)နာရီခွဲက၊ အမှတ်(၂)အခြေပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ကြောင်း သိရသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်က အခြေခံပညာဆရာ၊ ဆရာမများ အရည်အသွေးမြှင့် သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

   ဆက်လက်၍ TKT သင်တန်းတာဝန်ရှိသူတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ TKT သင်တန်း တာဝန်ခံ ဦးဖေဝင်းမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့ကို အမှတ်တရလက်ဆောင်များပေးအပ်၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် သည် အမှတ်(၂)အခြေခံအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အထက်တန်း၊ အလယ်တန်းပြ ဆရာ၊ ဆရာမဦးရေ (၁၄၀)ဦးတက်ရောက်ပြီး၊ သင်တန်းကာလ မှာ အောက်တိုဘာ(၅)ရက်မှ (၁၂)ရက်ထိ သင်တန်းနည်းပြဆရာ (၄)ဦးနှင့် အင်္ဂလိပ်ဘာသာရပ်များ ကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။

666

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။ အစီအစဉ် အရ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား မောင်ကျော်စုဟိန်း က ဦးခိုက်လျှက်ပါ မြတ်ဆရာ သီချင်း သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေက ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြား၍ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေများက ''ကွန်းခိုနားရာ မြတ်ဆရာ'' သီချင်းဖြင့်ဂုဏ်ပြုသီဆိုကြသည်။

   ၎င်းနောက် ၂၀၁၄ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုရရှိသူများအား ဆုချီမြှင့်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ချီးမြှင့်၍လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊  ပူးတွဲဒုတိယဆုရရှိသူများကို ပြည်နယ်လူမူရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ချီးမြှင့်၍လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ပူးတွဲဒုတိယဆုရရှိသူများကို ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ ချီးမြှင့်ပေးကြသည်။

   ယင်းနောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာ သီချင်းဖြင့် ဂါဝရပြုသီဆိုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား နေရာအရောက်ကန်တော့ပစ္စည်းများ ပေးအပ်ပူဇော် ကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်အဖွဲ့များ၊ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 68 guests and no members online