ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပေါက်ကွဲမှု(၃)နေရာဖြစ်ပွား

တောင်ကြီး အောက်တိုဘာ - ၅

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့ရှိ ကားမှတ်တိုင်တွင် အောက်တိုဘာ(၄)ရက်၊ ည(၁၀)နာရီ (၁၀)မိနစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အရှည်ပေ(၂၀)ခန့်ရှိ ကားမှတ်တိုင်(သစ်သား)ထိုင်ခုံမှ (၁၀)ပေခန့် ပျက်စီးပြီး အမြင့်(၁၅)ပေခန့်ရှိ မှတ်တိုင် (သွပ်)မိုးမှာလည်း ပွင့်ထွက်ပျက်စီးကာ လူထိခိုက်ဒဏ်ရာရယူမှုမရှိကြောင်း၊ ပေါက်ကွဲမှုနှင့် မလှမ်းမကမ်းတွင် ပေါက်ကွဲမှု မရှိသေးသော မိုင်း(၂)လုံး၊ ထပ်မံတွေ့ရှိပြီး၊ မိုင်းအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်မှ ရှင်းလင်းလျှက် ရှိကြောင်း သိရသည်။

   ဆက်လက်၍ ည(၁၀)နာရီ မိနစ်(၄၀)က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ဘက် ခြမ်းရှိ အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရှေ့ဝင်ပေါက်အကြားတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်၊ ည(၁၀)နာရီ မိနစ်(၅၀)က အဆိုပါနေရာအနီး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယာဉ်ထိန်းတာဝန်ထိမ်းဆောင်နေသည့် ရဲတပ်သား ခင်မောင်ကျော်၏ ဝဲဘက်ခြေသလုံး၊ ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ရဲတပ်သား သီဟ(၁၉)နှစ်၊ (ဘ)ဦးသန်းလှိုင် ဗမာ/ဗုဒ္ဓ၊ အမှတ်(၄၅)၊ ခွာညိုလမ်း၊ ရွှေဘုံသာရပ်ကွက်၊ ရွှေညောင်မြို့နေသူ၏ ယာဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်းရ) ရရှိခဲ့ရာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံးကြီးသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

   အဆိုပါပေါက်ကွဲမှုဖြစ်ပွားသည့်နေရာများနှင့် မိုင်းတွေ့ရှိသည့်နေရာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးဗိုလ်မှူးကြီး မိုးကျော်သူ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တောင်ကြီး)မှ တပ်မှူးဗိုလ်မှူးမြတ်မင်းစိုး၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထူးတို့မှ အခင်းဖြစ်နေရာများသို့ သွားရောက်စစ်ဆေးကာ မိုင်းရှာဖွေခြင်းနှင့် လုံခြုံရေးအတွက် ပိတ်ဆို့ရှာဖွေမှုများကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

   လုံခြုံရေးတိုးမြှင့် ချထားလျက်ရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်ကြီးမြို့တွင် အေးချမ်းတည်ငြိမ်းလျက်ရှိပြီး၊ ပြည်သူများအေးချမ်းစွာ ရောင်းဝယ်ဖောက်ကား စည်းကားလျက်ရှိပါ ကြောင်း သိရှိရပါသည်။

667

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 55 guests and no members online