အင်းလေးကန်ထိန်းသိမ်းရေး(၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်ထိ) စီမံချက်မှုကြမ်းအပေါ် အကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၆

668

အင်းလေးကန်ထိန်းသိမ်းရေး(၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်ထိ) စီမံချက်မှုကြမ်းအပေါ် အကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ(၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ် ခန်းမ၌ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အဖွင့်အမှားစကားပြောကြားရာတွင် အင်းလေးကန်ထိန်းသိမ်းရေး(၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ်ထိ) စီမံချက်မှုကြမ်းအပေါ် အကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းချမှတ် ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားရာမှာ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးဖြစ်သည့် အင်းလေးကန်ကြီးကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိအစိုးရ အဖွဲ့များနှင့် အင်းလေးဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အင်းလေးကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်း ပြောကြားသည်။

670

ထို့နောက် UNDP မှ Senior Programme Advisor Mr. Igor Bosc မှ အမှာစကားပြောကြားပြီး၊ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ညောင်ရွှေမြို့နယ် ရှိ Novotel Inle Lake ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ အခမ်းအနားတွင် ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ Novotel Inle Lake ဟိုတယ်တာဝန်ရှိသူတို့ ကဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

၎င်းနောက်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် Novotel Inle Lake ဟိုတယ်တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ Novotel Inle Lake ဟိုတယ်အား ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ Novotel Inle Lake ဟိုတယ်တာဝန်ရှိသူတို့ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ဂါဝရလက်ဆောင်ပစ္စည်းများပေးအပ်၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကာ ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့် တာဝန်ရှိသူတို့သည် ဟိုတယ်အိပ်ခန်းဆောင်များအား လှည့်လည်ကြည့်ရှု့ အားပေးကြကြောင်း သိရှိရသည်။

                                                                                        မောင်မောင်သန်း(တောင်ကြီး)