ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၇

669

ရှမ်းပြည်နယ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ(၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဥက္ကဌ ဦးစိုင်းလှဝင်းမှ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ မိမိတို့ကုမ္ပဏီများမှ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ဆောင်ရွက် သွားကြရန် ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးမြို့၊ တောင်ကြီးရှော့ပင်းစင်တာ တည်ဆောက်ရေး လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရေးဆိုင်ရာများကို သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါက်တာ ဒေါ်မေစုလှိုင်မှ လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ လားရှိုးမြို့ နားမခေါ်အဝေးပြေးယာဉ်ရပ်နားစခန်း ဆောက်လုပ်ခြင်းလုပ်ငန်းသဘောတူ စာချုပ် (ပြင်ဆင်ချုပ်ဆိုခြင်း)နှင့် လားရှိုးမြို့ ချယ်ရီမြိုင် အဆင့်မြင့်အိမ်ရာ တည်ဆောက်ရေး စီမံကိန်း တို့နှင့်ပတ်သက်၍ SHINING MYANMAR ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးသန်းထွန်းမှ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မူဆယ်မြို့ နမ့်ပေါ်အသေးစား ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရေး ဆိုင်ရာများကို ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းအုန်းမြင့်မှ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ တာချီလိတ်မြို့ မီနီမားကက်နှင့် အဝေးပြေးယာဉ်ဂိတ် နားနေဆောင်တည်ဆောက်ရေးလုပ်ငန်းများကို ရွှေရေကန် သွင်းကုန်/ ထုတ်ကုန် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းနွမ်းတို့က အသီးသီးရှင်းလင်းတင်ပြ ကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်က သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း မပြုမီ ဥပဒေဆိုင်ရာလုပ်ငန်းသဘောတူစာချုပ် ထုံးတမ်းများနှင့်ပတ်သက်၍ ဂရုပြုရန်များနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူကုမ္ပဏီများမှ တာဝန်ရှိသူတို့နှင့် (MOA ၊ MOU) သဘောတူလက်မှတ်ရေးထိုးပွဲကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် SHINING MYANMAR ကုမ္ပဏီလီမိတက်တို့က MOA လက်မှတ်ရေးထိုးပြီး၊ ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်တို့နှင့် MOU လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တောင်ကြီးရှော့ပင်းစင်တာ တည်ဆောက်ရေးလုပ်ငန်း MOA လက်မှတ်ရေးထိုး၍လည်းကောင်း၊ SHINING MYANMAR ကုမ္ပဏီလီမိတက် တို့အကြား ချုပ်ဆိုသော လားရှိုးမြို့ နားမခေါ်အဝေးပြေးယာဉ်ရပ်နားစခန်း ဆောက်လုပ်ခြင်း လုပ်ငန်းသဘောတူစာချုပ် (ပြင်ဆင်ချက်စာချုပ်) လက်မှတ်ရေးထိုး၍လည်းကောင်း၊ ရွှေရေကန် သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တာချီလိတ်မြို့ မီးနီမားကက် ဆိုင်ခန်းများနှင့် အဝေးပြေးယာဉ်ဂိတ်နားနေဆောင်တည်ဆောက်ရေးလုပ်ငန်း သဘောတူစာချုပ် MOA လက်မှတ်ရေးထိုးကြပြီး၊ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အထောက်အကူပြုကော်မတီဝင် များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 29 guests and no members online