ရှမ်းပြည်နယ်သတင်းများ

(၂၁)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၀

671

   ရှမ်းပြည်နယ်(၂၁)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ်မြောက်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ(၁၀)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက ပြိုင်ပွဲအခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြောင်း သိရသည်။ 

   ဆက်လက်၍ (၂၁)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ရှေးယခင်ကတည်း က ဥမကွဲ၊ သိုက်မပျက်၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင် ယဉ်ကျေးမှုဖြင့် ဝင့်ထည်စွာနေထိုင်ကြသည့် လူမျိုး များဖြင့်ပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အနုသုခုမ အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည်၊ မြန်မာ့ရေ၊ မြေပေါ်တွင် ရှေးနှစ်ပေါင်းများစွာက အခြေတည်အစပြုခဲ့ပါကြောင်း၊ မြန်မာတိုင်းရင်း သားတို့၏ တန်ဖိုး မဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာတည်သရွေ့ အစဉ်တည်တံ့နေအောင်၊ အစဉ် အဆက် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်းပြောကြားသွားသည်။

   ထို့နောက် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ အမျိုးသားအကပြိုင်ပွဲနှင့် အခြေခံ ပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ အမျိုးသမီးကာလပေါ် အဆိုပြိုင်ပွဲ စတင်ယှဉ်ပြိုင် နေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူတို့က ကြည့်ရှု့အားပေးကြကြောင်းသိရသည်။

   (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ အမှတ် ပေးဒိုင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ တက်ရောက်ကြောင်းသိရှိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online