ရှမ်းပြည်နယ်သတင်းများ

(၂၀၁၄−၂၀၁၅) ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၁၂

682

   ရှမ်းပြည်နယ်(၂၀၁၄−၂၀၁၅)ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲကို အောက်တိုဘာ(၁၂)ရက် ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်နှင့် သင်တန်းနည်းပြ ဆရာမ Victoria က သင်တန်းအတွေ့အကြုံများရှင်းလင်းပြောကြားပြီး၊ အမရပူရပါတနာ ကုမ္ပဏီလီမိတက် မှ TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်က သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသား/သင်တန်းသူများ(ကိုယ်စား) တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က TKT သင်တန်း နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှားများ ပေးအပ်ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့်  အလှူငွေ ကျပ်(၅၀)သိန်းနှင့် လက်ဆောင်ပစ္စည်းများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်နှင့် သင်တန်းနည်းပြဆရာ/ဆရာမများက လက်ခံရယူကြသည်။

   ထို့နောက် သင်တန်းသား/သင်တန်းသူများ(ကိုယ်စား) သင်တန်းသား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အထက်တန်းပြ ဆရာအိုင်းခန့်ကိုနှင့် သင်တန်းသူ ကျေးသီးမြို့နယ်၊ အထက်တန်းပြ ဆရာမ ဒေါ်နန်းသီတာဝင်းမောင်တို့က အင်္ဂလိပ်ဘာသာ/ မြန်မာဘာသာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 57 guests and no members online