ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄)ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၃

681

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) အခမ်းအနားကို အောက်တိုဘာ(၁၃)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားသည်။

680

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုပြီး၊ ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားသို့တက်ရောက်၍ အဖွင့် အမှာစကားပြောကြားရာတွင်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်သားတည်းပေါင်းစပ်ထည့်တွင် ဆောင်ရွက်ရေးကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြသည့် နည်းတူ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးလျော့ပါရေး လုပ်ငန်းစီမံချက်ရေးဆွဲပြီး အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးဖွဲ့စည်းပြီး၊ ခရိုင်/ မြို့နယ်အဆင့် မှ ရပ်ကွက်/ ကျေးရွာများထိ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၃ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ တွင် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို အတည်ပြုပြဌာန်း နိုင်ခဲ့ပြီး၊ နည်းဥဒေများလည်း မကြာမီထွက်ရှိလာမည် ဖြစ်သည့်အတွက် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင် ယခင်ထက်ပိုပြီး၊ ထိရောက်အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဦးမြတ်သူ ဒေသဆိုင်ရာညှိနှိုင်း ရေးမှူး UNDP ရှမ်းပြည်နယ်မှ ဖတ်ကြားပြီး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာအဆင့် (ထက်/ လယ်/ မူ)ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုချီမြှင့်ပေးကြကြောင်းသိရသည်။

   ထို့နောက ၂၀၁၄ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ရိုက်ကူးထားသော မုန်းတိုင်းဘေးဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဗီဒီယိုခွေအား ပြသကြည့်ရှုကြပြီး၊ ခန်းမအတွင်း ခင်းကျင်းပြသထားသော ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံးနှင့် ပန်းချီးလက်ရာများ၊ သဘာဝဘေးလျော့ပါးရေး ဓါတ်ပုံမှတ်တမ်းများကို ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

                                                                                 မောင်မောင်သန်း(တောင်ကြီး) 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 79 guests and no members online

Latest Updates