ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အိန္ဒိယနိုင်ငံ သံရုံး သံအမတ်ကြီး(H.E.MR. Gautam Mukhopadhaya) တွေ့ဆုံ

တောင်ကြီး   အောက်တိုဘာ   ၂၄

700

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့်အတူ အောက်တိုဘာ(၂၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ အိန္ဒိယနိုင်ငံ သံရုံး သံအမတ်ကြီး (H.E. MR. Gautam Mukhopadhaya) နှင့် တွေ့ဆုံကြောင်း သိရသည်။

701

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သံအမတ်ကြီးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမှုတွင် ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်ကြောင်း ဆွေးနွေးပြီး၊ အိန္ဒိယနိုင်ငံ သံရုံး သံအမတ်ကြီး(H.E.MR. Gautam Mukhopadhaya) မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်/လားရှိုးမြို့များသို့ရောက်ရှိပြီး ကျိုင်းတုံ/တာချီလိတ်မြို့များကို ဆက်လက်သွားရောက်လိုကြောင်း၊ ယခု ကယားပြည်နယ်မှ တောင်ကြီးမြို့ကို ရောက်ရှိကြောင်း၊ ယဉ်ကျေးမှုအနေအထား၊ တောတောင်ပတ်ဝန်းကျင် အလှပများကိုလည်းတွေ့ရှိရကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကိစ္စရပ်များ၊ ရင်းနှီးမြုပ်နှံများ ပြုလုပ်လို ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် (၂)နိုင်ငံ ယဉ်ကျေးမှုအတွက် ဆောင်ရွက်လိုကြောင်း၊ ကားပြိုင်ပွဲကိုလည်း အိန္ဒိယနိုင်ငံအဖွဲ့အစည်းနှင့် ဆောင်ရွက်ပြီး တောင်ကြီးမြို့ကိုဖြတ်ကာ တာချီလိတ်၊ ကျိုင်းတုံတို့တွင် ပြုလုပ် လိုကြောင်း၊ ကားပြိုင်ပွဲပြုလုပ်ရခြင်းကြောင့် တောင်ကြီး၊ မူဆယ်ဒေသရှိ ပြည်သူများ စိတ်ဝင်စားပြီး၊  ကုန်သွယ်မှု စီးပွားရေး ကောင်းမွန်ရေး ဖြစ်နိုင်ကြောင်း၊ ရှမ်းပြည်နယ်တွင် ယဉ်ကျေးမှုပစ္စည်းများ၊ စိုက်ပျိုးရေး ကဏ္ဍများ စိတ်ဝင်စားကြောင်း၊ တာတာကုမ္ပဏီအနေဖြင့် လ္ဘက်ခြောက်စက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာများရှာဖွေလို့ မတွေ့ရှိသေးကြောင်း၊ စီးပွားရေး လုပ်ငန်းအနေ ဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ဆောင်ရွက်ပြီးမှ ရှမ်းပြည်နယ်တွင် လုပ်ကိုင်လို ကြောင်း၊  အောက်တိုဘာလတွင် မန္တလေး၊ ရန်ကုန်မြို့များတွင် ကုန်စည်ပြပွဲများရှိပါကြောင်း၊ မူဆယ်၊ လားရှိုးတို့တွင် ကုန်စည်ပြပွဲများပြုလုပ်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မော်တော်ကား ပြိုင်ပွဲအတွက် ကလေး၊တမူးရှိလမ်းများကို ဘယ်လမ်းရွေးချယ်ထားကြောင်း၊ မော်တော်ကားပြိုင်ပွဲကို အထက်မှခွင့်ပြုချက်ရပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီသွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာက ဆက်ဆံမှု ရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ်ရှိယဉ်ကျေးမှုကိစ္စရပ်များနှင့် ပတ်သက်၍ အာဒံလူမျိုးများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နိုင်ကြောင်း၊ လ္ဘက်ခြောက်စက်ရုံ တည်ဆောက်မည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပင်လောင်း၊ ပင်းတယ၊ နမ့်ဆန် ဒေသများတွင် ပို၍ကောင်းကြောင်း၊ လ္ဘက်ခြောက် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ တွဲဖက်လုပ်ကိုင်မှု ရှိ/မရှိ နှင့် စက်ရုံတစ်မျိုးတည်းသာ တည်ဆောက်မှာလား သိရှိလိုကြောင်း၊ မော်တော်ကားအနေဖြင့် လှည့်လည်ပြိုင်ပွဲကို ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများသည် ဗုဒ္ဓဂါယာကို  အလေးထား ဆောင်ရွက်ကြောင်း၊ ရှမ်းပြည်နယ်မှ တိုင်းရင်းသားများနှင့် နိုင်ငံခြားသားများသည် ဗုဒ္ဓဂါယာသွားရောက်ပါက အလေးအနက်ထားဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 169 guests and no members online