ရှမ်းပြည်နယ်သတင်းများ

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မြေသန့် မင်္ဂလာ ကျင်းပ

တောင်ကြီး   အောက်တိုဘာ - ၂၅

702

   ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက် မြေသန့် မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ(၂၅)ရက် နံနက်(၈)နာရီ(၁၀)မိနစ်က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပညာဗောဓိ ကုန်း၌ ကျင်းပသည်။

703

   အခမ်းအနားကို ဆရာတော်/ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်တို့က "နမောတဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာပဏ္ဍိတ) မင်းကွန်းကျောင်းတိုက်ဆရာတော်ဘုရားထံမှ (၉)ပါး သီလခံယူဆောက်တည်ကြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို သံဃာတော်အရှင်မြတ်တို့အား ဆက်ကပ် ကြသည်။

   ထို့နောက် သံဃာတော်အရှင်မြတ်တို့က အနန္တရာယိကကမ္မဝါစာများ၊ အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူပြီး၊ ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချာတို့ကို သာသနာမြေ အနှံအပြားပက်ဖျန်းချည်နှောင်ကြဲဖြန်းကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ် ဝန်ကြီးများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တ ပညာသီရိ(အဂ္ဂမဟာပဏ္ဍိတ) မင်းကွန်းကျောင်းတိုက်ဆရာတော် ဘရားက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချချီးမြှင့်ပေး၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 85 guests and no members online