ရှမ်းပြည်နယ်သတင်းများ

(၃၄)ကြိမ်မြောက်ရွှေညောင်မြို့၊ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၇

   ရှမ်းပြည်နယ်(တောင်ပိုင်း)ရွှေညောင်မြို့တွင်(၃၄)ကြိမ်မြောက်မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲ ကို အောက်တိုဘာ (၂၇)ရက် နံနက်(၇)နာရီက ရွှေညောင်မြို့တွင်းနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ရပ်ကွက်ပြည်သူများက ပဒေသာပင်ပေါင်း (၇၉)ပင်ဖြင့် တစ်ပျော်တစ်ပါးလှည့်လည်ကြပြီး၊ ရွှေညောင်မြို့ ဒဏ္ခိဏာရာမကျောင်းတိုက်သို့ ပို့ဆောင် ကြကြောင်းသိရသည်။

704

   (၃၄)ကြိမ်မြောက်ရွှေညောင်မြို့၊ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတွင် တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟဲဟိုး၊ ရပ်စောက်မြို့နယ်အတွင်းရှိ သံဃာပေါင်း (၁၄၈)ပါး၊ ကျောင်းပေါင်း(၈၈)ကျောင်းတို့မှ ဆရာတော်သံဃာတော်များ တက်ရောက် ကြည်ညိုကြပြီး၊ ပဒေသာပင်ပေါင်း(၇၉)ပင် ပစ္စည်းတန်းဖိုး ငွေကျပ်သိန်း(၅၀)ခန့် ငွေတန်းဖိုးကျပ်သိန်း(၁၁၀) ကျော်ရရှိကြောင်းသိရပြီး၊ မြို့လုံးကျွတ်စုပေါင်းမဟာ ဘုံကထိန်းပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီမှ ငွေကျပ်သိန်း(၆၀)ခန့် အကုန်ကျခံ၍ ဆရာတော် သံဃာတော်များကို နေ့ဆွမ်း၊ ခဲဖွယ်များ၊ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ လူဧည့် ပရိတ်သတ်အပေါင်း(၅၀၀၀)ကျော်ကို ထမင်း၊ ဟင်းလျားများဖြင့် ဧည့်ခံကျွေးမွေးကြကာ၊ ရွှေညောင်မြို့၊ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲ ဦးစီးကော်မတီနာယက ရွှေညောင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးဇော်ဇော်မှ ပြောကြားသွားကြောင်း သိရသည်။

705

   အဆိုပါ(၃၄)ကြိမ်မြောက်ရွှေညောင်မြို့၊ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲကို (၂၅.၁၀.၂၀၁၄) ရက်နေ့ ညနေ (၆)နာရီက မီးပဒေသာပင်ပေါင်း(၃၄)ပင်ကို ပြည်သူများက စုရပ်မှ မြို့တွင်းလမ်းနှင့် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် တစ်ပျော်တစ်ပါးလှည့်လည်၍ မီးရှုးမီးပန်းများ လွှတ်တင်ပူဇော် ကြကြောင်းသိရှိရသည်။

706

   ထို့နောက် မြို့လုံးကျွတ်မဟာဘုံကထိန်းရေစက်ချ တရားတော်နာယူကြရာ ပထမဦးစွာ ဆရာတော်၊ သံဃာတော်များ ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ဒဏ္ခိဏာရာဆရာတော် ဦးသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ဖတ် တရဇ္စျာယ်တော်မူသော ပရိတ်တရားတော်ကို နာယူကြကြောင်း သိရသည်။

   ဆက်လက်၍ ဓနသိဒ္စိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ ဒဏ္ခိဏာရာဆရာတော်ကြီးထံသို့ ကထိန်လျာသင်္ကန်းကို ဆက်ကပ်လှူဒါန်းကြပြီး၊ ပင့်သံဃာတော်များအားလှူဖွယ် ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ညမီးပဒေသာပင် လှည့်လည်ပူဇော်ကြသည့် ရပ်ကွက်အလိုက်ပြည်သူများကို စာချဆရာတော်ဦးပညာသာမိမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 67 guests and no members online