ရှမ်းပြည်နယ်သတင်းများ

မြိုင်မြိုင်ဆိုင်ဆိုင်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၃၀

707

   ၂၀၁၄ ခုနှစ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို အောက်တိုဘာ(၃၀)ရက် ညနေ(၅)နာရီက ကျင်းပရာ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်း နှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မိဘပြည်သူများတို့က စူဠာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော်ပေါ်တွင် စိန်နားပန်၊ မီးပုံးပျံတစ်လုံး ကို လွှတ်တင်ပူဇော်ပေးကြကြောင်းသိရသည်။

708

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့သည်၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းသို့ ရောက်ရှိနေရာယူပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ၊ ဖွင့်ပွဲပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က မီးပုံးပျံပွဲတော်ကို ဖဲကြိုဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

709

   ထို့နောက်ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ ကိန္နရာအကနှင့် ဓားသိုင်းအကိတို့ဖြင့် ကပြဖျော်ဖြေပြီး၊ တောင်ကြီး ပညာရေးကောလိပ်ကျောင်းမှ သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ က တန်ဆောင်တိုင်ကို လာခဲ့ပါသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ က မီးပုံးကလေးများဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအလံပုံဖော်ခြင်း၊ အင်းသားလေလှော်ပုံဖော်ခြင်း၊ မီးပုံးပျံလွှတ်တင်ပုံဖော်ခြင်းတို့ဖြင့် သရုပ်ဖော် ကပြကြသည်။ 

710

   ၎င်းနောက်တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်ကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ မီးရှုးမီးပန်းများပစ်လွှတ် ဖွင့်လှစ်ပေးပြီး၊ စိန်နားပန်မီးပုံးပျံအကြီး(၃)လုံးလွှတ်ခြင်းနှင့် မီးပုံးပျံငယ်(၁၅၀၀)လုံး လွှတ်တင် ကြကြောင်းသိရှိရသည်။ 

711

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

712

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 59 guests and no members online