ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် လမ်း၊ တံတား၊ ရေရရှိရေး ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး

တောင်ကြီး   အောက်တိုဘာ   ၃၁

713

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဌာနစပ်ဒေသဖွံ့ဖြိုးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဟိုပုံး-ရန်ကင်းလမ်း နှင့် သံကူကွန်ကရစ်တံတား(၂)စင်းဖွင့်ပွဲကို အောက်တိုဘာ(၃၁)ရက် နေ့လည်(၁၂)နာရီခွဲက အဆိုပါ လမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပကြောင်း သိရသည်။

   ဟိုပုံး-ရန်ကင်းလမ်း သံကူကွန်ကရစ်တံတား(၂)စင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ လမ်းတံတားတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

714

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့၊ ရေရရှိရေးအတွက် ဂျပန်အစိုးရနှင့် ပြည်သူ များ၏ ထောက်ပံ့ငွေဖြင့် မြို့ရေရရှိရေးကော်မတီမှ ဆောင်ရွက်ခဲ့သော မြို့ရေပေးရေးဖွင့်ပွဲသို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ဂျပန်သံရုံး ပထမအတွင်းဝန်(Mr.MATSUOKA YUSUKE)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အထိမ်းအမှတ်ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြကြောင်း သိရသည်။

715

   ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က အမှာစကားပြောကြားပြီး၊ ဟိုပုံးမြို့ ရေပေးရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဂျပန်သံရုံး ပထမအတွင်းဝန် (Mr.MATSUOKA YUSUKE)မှ ရှင်းလင်းတင်ပြကာ မြို့ရေရရှိခြင်းကြောင့် မြို့လူထုကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။

716

   ၎င်းနောက် ရေပေးရေးဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုကြပြီး၊ ဒေသခံပြည်သူများကို နှုတ်ဆက်ကြကြောင်း သိရသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်၊ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့် ဟိုပုံး-ကုန်းသာ- ချေးပေး၊ ဘန့်ပိန်း-ဟိုနားလမ်းအရှည်(၆)မိုင်(၂)ဖာလုံရှိသည့် မြေသားလမ်းဖွင့်ပွဲသို့ တက်ရောက်ရာ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဒေသခံများမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကို အမှတ်တရလက်ဆောင်ပေးအပ်ကြကြောင်း သိရသည်။

717

   ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့် ဟိုပုံး-ကောင်စေတီ- လိုက်ကန်-ရွာသစ် လမ်းအရှည်(၄)မိုင်ရှိသည့် မြေသားလမ်း ဖွင့်ပွဲသို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ဒေသခံများမှ အမှတ်တရလက်ဆောင်များပေးအပ်၍ ဒေသခံပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားကြောင်း သိရသည်။

718

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် ဟိုပုံးရေထွက်သို့ ရောက်ရှိလာရာ ဟိုပုံးရေထွက်ကြီး သန့်ရှင်းသာယာလှပရေးအတွက် စျေးဆိုင်ခန်းများချထားနိုင်ရေးကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး၊ ဆက်လက်ထွက်ခွာလာရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ခန်းမ၌ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသဦးစီးရုံးမြေနေရာဧက(၇၀)အတွင်း အဆောက်အဦများဆောက်လုပ်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တရားရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်စာရင်းစစ်ချုပ်မှ စာရင်းအင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

719

   ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော်မတီ(၃)ရပ်မှ တာဝန်ရှိသူများအား လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 73 guests and no members online