ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး    နိုဝင်ဘာ   ၁

720

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ နိုဝင်ဘာ(၁) နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

   ပထမဦးစွာ PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းရွှေမှ ဖော်ထုတ်ရန်ရည်ရွယ်ထားသော PINE WOOD VILLA ခေတ်မီတိုးချဲ့ အိမ်ယာစီမံကိန်းနှင့် ပတ်သက်၍ Projector ဖြင့် ရှင်းလင်းတင်ပြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှင်းလင်းဆွေးနွေးရာ အချက်(၄)ချက် မှာလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန်နှင့် Town Plan နှင့် City  Plan ဖြင့်လုပ်ရန်၊ ထင်းရှူးပင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် ရည်ရွယ်ပါက ထိခိုက်မှုမရှိအောင် ပြင်ဆင်ဆောင်ရွက်ရန်၊ ကုမ္ပဏီအနေဖြင့်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေသည့်အချိန်တွင် လုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသွားကြောင်း သိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)