ရှမ်းပြည်နယ်သတင်းများ

မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်း၊ ကထိန်ရေစက်ချ အခမ်းအနား

တောင်ကြီး နိုဝင်ဘာ   ၆

722

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာ(၅)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စူဋ္ဌာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော် ပေါ်တွင် ကျင်းပကြောင်း သိရသည်။

723

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဓမ္မာစင်္ကြာ ဝတ်အသင်းများက စူဋ္ဌာမုနိလောကချမ်းသာဘုရားရင်ပြင်တော်ပေါ်တွင် လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်နေမှုများ၊ ကြာရိုးတို့မှ ကြာသင်္ကန်းပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

724

ဆက်လက်၍ နိုဝင်ဘာ(၆)ရက် နံနက်(၄)နာရီတွင် မသိုးသင်္ကန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ် ဝန်ကြီးများတို့ကို မသိုးသင်္ကန်းများ ပေးအပ်ပြီး၊ ဘုရားလှိုင်ဂူအတွင်း လက်ယာရစ်ပတ် ပူဇော် ကြကာ စူဋ္ဌာမုနိလောကချမ်းသာဘုရား လှိုင်ဂူ(၄)ဘက်ရှိ ဗုဒ္ဓမြတ်စွာဘုရားများကို ဆက်ကပ် လှူဒါန်းကြကြောင်း သိရှိရသည်။ 

725

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာပဏ္ဍိတ) မင်းကွန်းကျောင်းတိုက် ဆရာတော်ထံတွင် ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်များ ပွားများအပ်သော ပရိတ်တရားတော်မြတ်များကို နာယူကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး၊ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က ဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာသူကြရာ ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိထံမှ တရားနာယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ဆုတောင်းပြည့်အတုလမာရဇိန်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံ တွင် (၆၇)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် တရားနာရေစက်ချပွဲတို့ တက်ရောက်ကြ ရာ ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ကြပြီး၊ နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီးလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကိုရွတ်ပွား သရဇ္စျာယ် ချီးမြှင့်ပေးကြသည်။

726

ထို့နောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးစွန်ကြိုင်မှ မဟာဘုံကထိန်ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍တင်ပြရှင်းလင်းလျှောက်ထားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူတို့သည် ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူကြပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

 

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 57 guests and no members online

Latest Updates