ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ - ၇

728

   ၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကို နိုင်ဝင်ဘာ(၇)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပကြောင်းသိရသည်။ ပထမဦးစွာ စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံ(၁)လုံးစီးလွှတ်တင်ပြီး၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စတင်ရာ အလွတ်တန်းပြိုင်ပွဲ (စိန်နားပန်မီးပုံးပျံ ပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်းများ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူးမှ ဆုချီးမြှင့်၍လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (ယမ်းမီးကြီး၊ ညလွှတ်မီးပုံးပျံ ဓါတ်ပုံပြိုင်ပွဲ)တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန်ပွဲတော်၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ အလွတ်တန်း ပြိုင်ပွဲ (မီးပုံးပျံနေ့လွှတ်အရုပ်၊ အလှဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေနှစ်ချောင်း)တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေလေးချောင်း)တွင် ဂုဏ်ပြုဆု၊  ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်(အုပ်စုပြိုင်ပွဲ) တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးမိုးကျော်သူမှ လည်ကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှလည်ကောင်း၊ ညမီးပဒေသာ လှည့်လည်ပြိုင်ပွဲတွင် ဂုဏ်ပြုဆုများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှလည်းကောင်း၊ နေ့လွှတ်အရုပ်အုပ်စု ပြိုင်ပွဲ တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေလေးချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် ဂုဏ်ပြုဆု(၃)ရရှိသောသူများကို ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းမှ လည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန်မှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းမှ လည်းကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် တတိယဆုရပွဲတော်မီး၊ ဒုတိယဆုရHasty Powerမီး၊ ပထမဆုရ Ozoneမီးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ ဆုများကို အသီးသီးချီးမြှင့် ပေးကြကြောင်းသိရသည်။730

   ဆက်လက်၍ ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နိရီ၊ ကိန္နရာအကနှင့် တိုးနယားဓါသိုင်းအက တို့ဖြင့် ကပြ ဖျော်ဖြေကြပြီး၊ တောင်ကြီးပညာရေးကောလိပ် သင်တန်းသူလေးများ နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက တန်ဆောင်တိုင်သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ 

731

   ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများက အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်မီးများကို ငြိမ်းကြပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆ခု တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်သိမ်းကြောင်း ကြေငြာ၍တန်ဆောင်တိုင်ပွဲတော် အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် မီးရှုး၊ မီးပန်း၊ မီးပုံးပျံ၊ မီးပုံးအလုံးငယ်(၁၀၀၀)များဖြင့် လွှတ်တင်ပိတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း နှင့် ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးပုံးပျံပြိုင်ပွဲနှင့် Miss Tazaungdaing ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြကြောင်းသိရှိရသည်။

729

                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 68 guests and no members online

Latest Updates