ရှမ်းပြည်နယ်သတင်းများ

မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၉

734

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ(၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်  မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအား အလှူငွေထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလှူငွေထောက်ပံ့ ပေးအပ်ရာတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ လွှတ်တင်ခဲ့သော အေးသာယာကိုယ်စားပြု ရောင်စုံမီးပုံးပျံမှာ လွှတ်တင်ပြီးခဏအကြာ၌ မီးလောင်ပျက်ကျရာ ပူစီပေါင်းရောင်းရန် ရောက်ရှိနေသော တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဗုဒ္ဓဂါယာလမ်းနေ ဦးဇော်မင်းထွန်း၊ ဒေါ်သန်းသန်းအေးတို့၏ အဝေရာတောင်ကုန်းခြေရင်းရှိ ယာယီတဲပေါ်သို့ ကျရောက်မီးလောင်ကျွမ်းရာ တဲအတွင်း အိပ်ပျော်နေသော ဖိုးကလား(ခ)ရီယံဝေ၊ အသက်(၄)နှစ်ခွဲ (ဘ)ဦးဇော်မင်းထွန်းတွင် တစ်ကိုယ်လုံးမီးလောင်ကျွမ်းသေဆုံးပြီး တဲအတွင်းရှိ ဒေါ်သန်းသန်းအေး အသက်(၂၈)နှစ် (ဘ)ဦးမြင့်သိန်းတွင် ဝဲခြေရင်းဝတ်အနီး မီးလောင်ဒဏ်ရာတစ်ချက်၊ သမီးဖြစ်သူ မဘေဘီမိုးဦး(၄၅)ရက်တွင် နားထင်အနီးမီးဟတ်ဒဏ်ရာ အသီးသီးရရှိခဲ့သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့အလှူငွေကျပ်(၂)သိန်းကိုလည်းကောင်း၊ ကျောင်းကြီးစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ထောက်ပံ့အလှူငွေကျပ်(၅)သောင်းကို လည်းကောင်း၊ အသီးသီးပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 155 guests and no members online