ရှမ်းပြည်နယ်သတင်းများ

ROYAL KALAW HILLS RESORT ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၆

   ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့၌ ROYAL KALAW HILLS RESORT ဖွင့်ပွဲကို ဒီဇင်ဘာ(၆)ရက် နံနက်(၉)နာရီက အဆိုပါ အပန်းဖြေအဆောက်အဦ၌ ကျင်းပကြောင်းသိရသည်။

803

   ROYAL KALAW HILLS RESORT ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဖြူစင် Group ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝေစိုးတို့က အပန်းဖြေစခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ဟိုတယ်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား ရှင်းလင်းကာ၊ ဖြူစင် Group ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝေစိုးမှ ကျေးဇူးတင်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အပန်းဖြေစခန်းအဆောက်အဦများအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။

804

  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် စည်ပင်သာယာရေး အစည်းအဝေးခန်းမတွင် ကလောမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက် လျှက်ရှိသော မြို့ပြရေပေးရေးဆိုင်ရာနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ဦးစွာရှင်းလင်းတင်ပြပြီး၊ ကလောမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်မှ ကလောမြို့ရေပေးရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းကြောင်း သိရသည်။

   ထို့နောက် ကလောမြို့နယ်စည်ပင်သာရေး အင်ဂျင်နီယာမှူး ဦးညီညီသန့်မှ ကလောမြို့နယ် စည်ပင်သာယာရေးဌာန၊ ODAJICA အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် တိုးချဲ့ရေပေးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့ တိုးချဲ့ ရေပေးရေးအတွက် အသုံးပြုမည့် ပိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် ကလောမြို့ ရေအေးကန်ဆည်နှင့် အင်းပြင်ရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                     မောင်မောင်သန်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 124 guests and no members online

Latest Updates