ရှမ်းပြည်နယ်သတင်းများ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ရှမ်းပြည်နယ်ရုံးခွဲ(တောင်ကြီး)အသင်းအမှုဆောင်သစ်များ ကတိသစ္စာခံယူပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ  -  ၁၄

813

  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရှမ်းပြည်နယ်ရုံးခွဲ(တောင်ကြီး)အသင်း အမှုဆောင်သစ်များ ကတိသစ္စာခံယူပွဲနှင့် အင်ဂျင်နီယာပညာဆိုင်ရာစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ(၁၄)ရက်နံနက်(၉)နာရီ က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပ ကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားပြီး၊ အင်ဂျင်နီယာအသင်းမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ရန်ကုန်ရုံးချုပ် ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် Techdigest မဂ္ဂဇင်း ၏အယ်ဒီတာချုပ်ဦးသန်းထွန်းအောင်က နှုတ်ဆက်အမှာစကားပြောကြားကြောင်းသိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အား MES Distinguished Honorary Fellow ဘွဲ့တံဆိပါကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ရန်ကုန်ရုံးချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် Techdigest မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးသန်းထွန်းအောင်မှ ဘွဲတံဆိပ်ပေးအပ် ချီးမြှင့်ပေးကြောင်းသိရသည်။

   ထို့နောက် အသင်းအမှုဆောင်သစ်များ ကတိသစ္စာခံယူကြပြီး၊ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများမှ ပေးအပ်ပေးရာ အလှူရှင်များက အသီးသီးလက်ခံရယူကြသည်။

   ၎င်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရှမ်းပြည်နယ်ရုံးခွဲ(တောင်ကြီး) ဥက္ကဌ ဦးရဲခေါင်ညွန့်မှ ကျေးဇူးတင်စကား ပြောကြားပြီး၊ အခမ်းအနားကို ပထမပိုင်းအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ရန်ကုန်ရုံးချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ရှမ်းပြည်နယ်ရုံးခွဲ(တောင်ကြီး)အသင်းအမှုဆောင်သစ် များ၊ အင်ဂျင်နီယာ ပညာဆိုင်ရာ စာတမ်းဖတ်မည့်အဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြ ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 81 guests and no members online