ရှမ်းပြည်နယ်သတင်းများ

အခြေခံမဲဆန္ဒရှင် စာရင်းအား ကွန်ပျူတာအချက်အလက် ထည့်သွင်းခြင်းဆိုင်ရာ သင်တန်းဖွင့်

တောင်ကြီး   ဒီဇင်ဘာ   ၁၅

814

   (၂၀၁၅)ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် International Foundation for Electoral Systems MYANMAR တို့ ပူးပေါင်းကာ တစ်နိုင်ငံလုံးတွင် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုလျက်ရှိရာ၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အခြေခံမဲဆန္ဒရှင် စာရင်းအား ကွန်ပျူတာအချက်အလက် ထည့်သွင်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ(၁၅)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်  International Foundation for Electoral Systems MYANMAR တို့ပူးပေါင်း ကျင်းပပြုလုပ်သော အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း (ဒုတိယအဆင့်) စတင်နိုင်ရန်အတွက် အခြေခံမဲဆန္ဒရှင် စာရင်းအား ကွန်ပျူတာအတွင်း အချက် အလက်များထည့်သွင်းနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး၊ (၂၀၁၅)ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးသည် မဖြစ်မနေကျင်းပရမည် ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတ ပြီး၊ အားလုံးပါဝင်ကာ ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲတစ်ခုကို အများယုံကြည် လက်ခံနိုင် အောင် ကျင်းပရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ အခြေခံအကျဆုံး ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်းတစ်ခုတွင် ပါဝင်သင့်သည့် လူများမပါဝင်၍၊ မပါဝင်သင့်သည့်လူများ ပါဝင်နေ ခြင်းသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် အားနည်းချက်တစ်ခုအဖြစ် ထောက်ပြ ခြင်း၊ ကန့်ကွက်ခြင်းနှင့် မီဒီယာများက မဟုတ်မမှန်ရေးသားခြင်းစသည့် မလိုလားအပ်သော ပြဿနာများဖြစ်လာနိုင်ပါကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ အရေးကြီးဆုံး လုပ်ငန်းတစ်ခု သိရှိထားရန်လိုအပ် ကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းသည် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ တောင်ကြီးခရိုင်၊ ပအိုဝ်း/ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ၎င်းတို့ လက်အောက်ရှိ မြို့နယ်(၁၀)မြို့နယ်ကို (ဒုတိယ အဆင့်)အနေဖြင့် သတ်မှတ်ပြီး၊ ရှမ်းပြည်နယ်အတွင်း ကျန်ရှိသည့်ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများကို(တတိယအဆင့်)၊ (စတုတ္ထအဆင့်)များအဖြင့် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပွင့်က အဖွင့်အမှာစကား၌ ပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင် စာရင်းကို ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်နှင့်  International Foundation for Electoral Systems အဖွဲ့မှ နန်းထားထားချိုက ရှင်းလင်းပြောကြားပြီး၊ အခြေခံမဲဆန္ဒရှင် စာရင်းအား ကွန်ပျူတာစနစ် အသုံးပြု၍ အချက်အလက်ထည့်သွင်းခြင်းဆိုင်ရာ ရက်တိုသင်တန်းဖွင့်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တောင်ကြီး ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်း/ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူ (၄၆)ဦးနှင့် နည်းပြ ဆရာ/ဆရာမများ တက်ရောက်ပြီး၊ သင်တန်းကို ကွန်ပျူတာ(၄၆)လုံးဖြင့် International Foundation for Electoral Systems အဖွဲ့မှ ကူညီပြီး သင်ကြားပို့ချ၍ သင်တန်းကို ဒီဇင်ဘာ(၁၅)ရက်မှ (၁၆)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မြို့တော်ခန်းမ၌ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 77 guests and no members online