ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၄) ဒုတိယနေ့ ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၉

 818

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၄) ဒုတိယနေ့ကို ဒီဇင်ဘာလ (၁၉)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

819

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် (၁၁၀)ဦး တက်ရောက်သည့်အတွက် (၇၉.၁၄%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉)ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး အစည်းအဝေးပထမနေ့က ခွင့်ပန်ကြားသူ(၂၀)ဦး၊ ယနေ့ခွင့်ပန်ကြားသူ (၉)ဦး၊ စုစုပေါင်း ခွင့်ပန်ကြားသူ(၂၉)ဦးတို့အား ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်တင်ပြသော ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်ခြေ ငွေစာရင်း လျာထားချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၃)ဦးတို့က ဆွေးနွေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီး ဦးခွန်သိန်းမောင်တို့က ရှင်းလင်းဆွေးနွေးပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဌက ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၄) ဒုတိယနေ့အား နံနက်(၁၁:၁၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

 

                                                                                                                                                                                ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 59 guests and no members online

Latest Updates