ရှမ်းပြည်နယ်သတင်းများ

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံ လွိုင်လင်မြို့တွင် မျက်စိ/ သွားနှင့်ခံတွင်း/ အထွေထွေရောဂါများ အခမဲ့ကုသမှုအခြေအနေ ကြည့်ရှုအားပေး

တောင်ကြီး ဒီဇင်ဘာ  ၂၀

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ် ဝန်ကြီးများနှင့်အလှူရှင်များလိုက်ပါလျက် ဒီဇင်ဘာ(၂၀)ရက်နံနက်(၉)နာရီက လွိုင်လင်မြို့၊ ပြည်သူ့ဆေးရုံတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းမိသားစုနှင့် အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သော မျက်စိ/ သွားနှင့်ခံတွင်း/ အထွေထွေရောဂါများ အခမဲ့ဆေးကုသမှုအခြေအနေများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

820

   ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ကြည့်ရှုအားပေးပြီး၊ မျက်စိကုသနေသည့် ဝေဒနာရှင်များကို မျက်မှန်များ တပ်ဆင်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

821

   အဆိုပါ လွိုင်လင်မြို့၊ ပြည်သူ့ဆေးရုံတွင် မျက်စိရောဂါဝေဒနာ(၄၈၇)ဦး၊ သွားနှင့်ခံတွင်း(၉၉)ဦး၊ အထွေထွေရောဂါ(၆၂၅)ဦး စုစုပေါင်း(၁၂၁၁)ဦးရှိပြီး၊ (၁၉.၁၂.၂၀၁၄) ရက်နေ့တွင် မျက်စိဝေဒနာရှင်(၁၈)ဦး (၂၀)ရက်နေ့တွင်(၇)ဦးတို့ကို တောင်ကြီးမြို့သို့ ပို့ရန်စီစဉ်ထားပြီး၊ လဲချားမြို့တွင် မျက်စိဝေဒနာရှင်(၇၅၉)ဦး၊ သွားနှင့်ခံတွင်း(၈၀)ဦး၊ အထွေထွေရောဂါဝေဒနာရှင်(၇၂၅)ဦး စုစုပေါင်း (၁၅၆၄)ဦးရှိသည့်အနက် မျက်စိဝေဒနာရှင် (၂၆)ဦးအား တောင်ကြီးမြို့သို့ပို့ရန်နှင့် အထွေထွေရောဂါဝေဒနာရှင်(၉)ဦးတို့အား နေပြည်တော်သို့ပို့ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

   ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမေက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများတို့သည် လွိုင်လင်မြို့မှ ဆက်လက် ထွက်ခွာလာရာ လဲချားမြို့သို့ရောက်ရှိပြီး၊ အဂင်္လန်နိုင်ငံ အောက်စ်ဖို့စ် ဆရာတော် ပါမောက္ခဒေါက်တာ ဓမ္မသာမိ၏ နှစ်(၅၀)ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲသို့ တက်ရောက်ကြောင်း သိရသည်။

822

  ၎င်းနောက် ဒေါက်တာဓမ္မသာမိအရှင်သူမြတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မုခ်ဦးဆိုင်းဘုတ်အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြောင်း သိရသည်။

   ယင်းနောက်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့သည် လဲချားမြို့နယ်မှ ရှမ်းယဉ်ကျေးမှုအကများဖြင့် ဖြေဖျော်တင်ဆက်မှုကို ကြည့်ရှု အားပေးကြပြီး၊ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံမှ ရှမ်းယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အဂင်္လန်နိုင်ငံ အောက်စ်ဖို့စ်် ဆရာတော် ပါမောက္ခဒေါက်တာ ဓမ္မသာမိ၏ နှစ်(၅၀)ပြည့်ရွှေရတုမွေးနေ့ အထိမ်းအမှတ်ဆရာတော်သမိုင်း ပြတိုက်ဖွင့်ပွဲသို့ တက်ရောက်ရာ ဆရာတော်အရှင်သူမြတ်များက ဇယန္တောဂါထာရွတ်ဖတ်ပူဇော်၍ ဆရာတော် သမိုင်းပြတိုက်အား အောက်စ်ဖို့စ်ဆရာတော်ပါမောက္ခ ဒေါက်တာဓမ္မသာမိနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြတိုက်အတွင်းလှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

   ထို့နောက် အဂင်္လန်နိုင်ငံ အောက်စ်ဖို့စ်ဆရာတော်ပါမောက္ခဒေါက်တာဓမ္မသာမိနှစ်(၅၀)ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ရေစက်ချမဂင်္လာအခမ်းအနားကျင်းပရာ ပထမဦးစွာ အခမ်းအနားကို  နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ  အောက်စ်ဖို့စ်ဆရာတော် ပါမောက္ခဒေါက်တာ ဓမ္မသာမိမှ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုံမိသားစုနှင့် အလှူရှင်များတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနာကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

   ၎င်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီးဒေါ်နန်းရွှေမှုံ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သိမ်အဆောက်အဦအား ဖူးမျှော်ကန်တော့၍ ရေစက်ချ တရားနာပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုံ မိသားစုတို့မှ လှူဒါန်းသော လဲချားမြို့ ပြည်သူ့ဆေးရုံ သံဃာဆောင်အဆောက်အဦသစ် ဖွင့်ပွဲသို့ တက်ရောက်ရာ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အလှူရှင်များတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

   ယင်းနောက် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သံဃာဆောင်ကမ္ဗာည်းကျောက်စာတိုင်အား ပရိတ်ရေ၊ အမွှေးနံ့သာရေများ ပက်ဖြန်းပြီး၊ သံဃာဆောင်သစ် အတွင်း လှည့်လည်ကြည့်ရှု၍လည်းကောင်း၊ လဲချားမြို့ပြည်သူ့ဆေးရုံအတွင်း အထူးကုဆရာဝန်များမှ လူနာများအား အခမဲ့ဆေးကုသနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

 

                                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 54 guests and no members online

Latest Updates