ရှမ်းပြည်နယ်သတင်းများ

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီးဒေါ်နန်းရွှေမှုံ စဝ်စံထွန်းဆွေးရုံ၌ မျက်စိ၊ သွားနှင့် ခံတွင်း အထွေထွေရောဂါများ အခမဲ့ ဆေးကုသမှုကြည့်ရှုအားပေး

တောင်ကြီး ဒီဇင်ဘာ - ၂၁

823

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့နှင့် အတူ ဒီဇင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိသားစုနှင့် အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သော မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါများ အခမဲ့ ဆေးကုသမှုအခြေအနေများကို ကြည့်ရှုအားပေး ကြကြောင်းသိရသည်။

   ဆက်လက်၍ ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်(၅၀)ဦးတို့အား အင်္ဂလန်နိုင်ငံ အောက်စ်ဖို့စ် ဆရာတော်ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ၊ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အလှူရှင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ တို့က ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များကို မျက်မှန်များ တပ်ဆင်လှူဒါန်းပေးပြီး၊ မန္တလေးသို့ ပို့ဆောင်မည့် မျက်စိဝေဒနာရှင်နှင့် ထွေထွေရောဂါဝေဒနာရှင်များကို အင်္ဂလန်နိုင်ငံ အောက်စ်ဖို့စ် ဆရာတော်ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံတို့မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာ(၁၉)ရက်မှ (၂၂)ရက်နေ့အထိ မျက်စိဝေဒနာရှင် (၁၉၃၅)ဦး၊ သွားရောဂါဝေဒနာရှင် (၁၃၀)ဦး၊ အထွေထွေ ရောဂါဝေဒနာရှင် (၇၀၃)ဦး၊ စုစုပေါင်းလူနာ(၂၇၆၈)ဦးတို့ဖြစ်ပြီး၊ ဒီဇင်ဘာ(၁၉) ရက်မှစ၍ (၂၂)ရက်နေ့အထိ တောင်ကြီး၊ လွိုင်လင်၊ လဲချားမြို့တွင် ကုသ ပေးခဲ့ကြသည့် လူနာစုစုပေါင်း (၅၄၈၆)ဦးတို့ရှိကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့စ် ဆရာတော်ပါမောက္ခ ဒေါက်တာ ဓမ္မသာမိနှင့် အဖွဲ့ဝင်များ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါ ဝေဒနာရှင်များ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates