ရှမ်းပြည်နယ်သတင်းများ

မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါများ အခမဲ့ ကုသခြင်းတွင် ပါဝင်ဆောင်ရွက်ပေးသော အထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ အလှူရှင်များ ကို ဂုဏ်ပြုပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ  -  ၂၁

824

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုံ မိသားစုနှင့် အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သော မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါများ အခမဲ့ကုသခြင်းတွင် ပါဝင်ဆောင်ရွက်ပေးသော အထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ အလှူရှင်များအား ဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာ(၂၁)ရက် ည(၇)နာရီခွဲက တောင်ကြီးမြို့၊ ချယ်ရီကွင်းဟိုတယ်၌ ကျင်းပကြောင်း သိရသည်။

825

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အလှူငွေကျပ် ကျပ်သိန်း(၃၀၀)ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူပေးကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံမှ မျက်စိ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါအခမဲ့ကုသခြင်းတွင် ပါဝင်ဆောင်ရွက်ပေးသော အထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ အလှူရှင်များကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ အထူးကုဆရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူ ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီးဒေါ်နန်းရွှေမှုံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူးကုဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 72 guests and no members online

Latest Updates